ဆီးရီးယား ဆန္ဒပြပွဲ လူ ၅၀၀ ကျော် သေဆုံး

  • 28 ဧပြီ 2011
syria ဓာတ်ပုံ မူပိုင် Getty Images
Image caption ဆီးရီးယား က ဆန္ဒပြ ပွဲတွေ

ဆီးရီးယားမှာ သမ္မတ ဘာရှာ အယ် အာဆတ် နဲ့ သူ့ အစိုးရ ကို ဆန့်ကျင်တဲ့ ဆန္ဒပြ ပွဲ တွေ အတွင်း အနည်းဆုံး လူပေါင်း ၅၀၀ လောက် သေဆုံး ခဲ့တဲ့ အကြောင်း ဆီးရီးယား က လူ့အခွင့် အရေး လှုပ်ရှားသူ တွေ က ပြောပါတယ်။

နိုင်ငံတွင်း ကို သတင်းထောက် တွေကို ဝင်ခွင့် မပေးတဲ့ အတွက် ရက်သတ္တပတ် ၆ ပတ်လောက် ကြာနေပြီ ဖြစ်တဲ့ အဲဒီ ဆီးရီးယား ဆန္ဒပြပွဲ တွေ အတွင်း လူ ဘယ် နှစ်ဦး သေဆုံး ခဲ့ပြီ ဆိုတာ ကို သီးခြား လွတ်လွတ် လပ်လပ် အတည် မပြုနိုင် သေးပါဘူး။

ဆန္ဒပြပွဲတွေ အဓိက ဖြစ်နေတဲ့ ဒါရာ မြို့အတွင်း မှာ ည တုန်း က ပစ်ခတ်မှု တွေ ရှိသလို၊ ဆီးရီးယား နိုင်ငံတဝန်းမှာလည်း ပစ်ခတ်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်း တွေ လည်း ထွက်ပေါ် ခဲ့ပါတယ်။

အစိုးရ က အဲဒီ ဒါရာမြို့ နဲ့ တခြားမြို့တွေ ကို ထိန်းသိမ်း ကွပ်ကဲ နိုင်ဖို့ အတွက် စစ်တပ် တွေ၊ တင့်ကား တွေ စေလွှတ် ထားပါတယ်။