ထိုင်း ကမ္ဘောဒီးယားအပစ်ရပ်

  • 28 ဧပြီ 2011
နယ်စပ်မှကမ္ဘာဒီးယားစစ်သားများ ဓာတ်ပုံ မူပိုင် AFP
Image caption နယ်စပ်မှကမ္ဘာဒီးယားစစ်သားများ

ဒီကနေ့မနက်အထိ တိုက်ပွဲတွေဖြစ်နေလို့ ထိုင်းသား ၁ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရသွားပါတယ်။ မွန်းလွဲပိုင်းမှာတော့ ပစ်ခတ်မှုတွေ ရပ်ထားဖို့ ဒေသတိုက်ပွဲက ဦးစီးနေတဲ့ ၂ ဖက်တပ်မှုးတွေက သဘောတူခဲ့ကြပါတယ်။

ဒါဟာ ဆွေးနွေးအဖြေရှာပြီးသဘော တူညီ ချက်နဲ့အပစ်အခတ် ရပ်စဲတာမဟုတ်ဘူးလို့ ထိုင်းကြည်း တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာ့ယွတ် ကျန်းအိုးချားက သတင်းထောက်တွေကို ပြောရာမှာ နှစ်ဖက် အခြေအလည်ဆွေးနွေးပြီး သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်ဆဲတာမဟုတ်ဘူး။ ဒေသထဲက နှစ်ဘက်တပ်မမှူးတွေက မပစ်မခတ်ကြရင်ကောင်းမယ်ဆိုပြီး ရပ်ထားအဆင့်သာဖြစ်တယ်။ ကနေ့ကနေ မနက်ဖြန်မနက်အထိ ပစ်ခတ်မှုမရှိဘူးဆိုရင်တော့ ဆွေးနွေးအဖြေရှာတဲ့ အဆင့်ကို လုပ်ဖို့ဖြစ်ကောင်းဖြစ်လာနိုင်တယ်လို့ ပြောသွားပါတယ်။ဒီလိုစောင့်ကြည့်ဖို့အတွက်ကို ထိုင်းဝန်ကြီးချုပ်အဖိစစ် ဝေ့တ်ချားချီဝါ့ကလည်း သဘောတူပြောကြားခဲ့ပါတယ်။ ထိုင်းနဲ့ကမ္ဘဒီးယား နိုင်ငံတို့ရဲ့ အငြင်းပွားတင်းမာမှုက လွယ်လွယ်နဲ့ဖြေရှင်း လို့ရမှာ မဟုတ်ဘူးလို့ပြောရမှာပါ။

လက်ရှိတင်းမာမှုဖြစ်ရတာက နယ်စပ်စည်းမျဉ်းကို မသတ်မှတ်နိုင်ဘဲ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတာကြောင့်ဖြစ်တယ်။ ဒီလိုအငြင်းပွားရတာကလည်း နယ်စပ်က ဖရာ့ဝိဟန် ဘုရားကျောင်းအပါအဝင် တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေဟာ ခရီးသွားလုပ်ငန်းမှာ အကျိုးအမြတ်ရှိတယ်။ တခါ ပင်လယ်ပြင် အငြင်းပွားတဲ့နေရာ ဆိုရင်လည်း ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှိတယ်ဆိုတဲ့ အတွက် တန်ဘိုးကြီးလို့ တင်းမာမှုဖြစ်ခဲ့တာဖြစ်တယ်။ အဲ့ဒီအငြင်းပွားနေရာ တွေကို နှစ်နိုင်ငံ အကျိုးတူဆောင်ရွက်ဖို့ မလုပ်နိုင်ဘူးဆိုရင် တော့ အပစ်အခတ်ရပ်ဆဲတာက ရေရှည်မှာမဟုတ်ဘဲ သွေးထွက်သံယိုတွေ နောက်ထပ်ဖြစ်ဦးမှာဖြစ်ပါတယ်။