တော်ဝင် မင်္ဂလာပွဲလာ ဧည့်သည်များ

  • 29 ဧပြီ 2011

ဧပြီလ ၂၉ ၇က် သောကြာနေ့က လန်ဒန်မြို့မှာ ရှိတဲ့ Westminister Abbey ဘုရားကျောင်းမှာ ကျင်းပတဲ့ မင်းသား ဝီလျံနဲ့ သူ့ချစ်သူ ကိတ်မစ်ဒယ်လ်တန် တို့ရဲ့ လက်ထပ် မင်္ဂလာပွဲကို ကြော့ကြော့ မော့မော့ ဝတ်ကောင်းစားလှတွေ ဝတ်ဆင်ထားတဲ့ ဧည့်ပရိတ်သတ် နှစ်ထောင် နီးပါးလောက် တက်ရောက်ခဲ့ ကြ ပါတယ်။

ဓာတ်ပုံ မူပိုင် Getty Images
Image caption မင်္ဂလာပွဲ တက်ရောက် လာကြတဲ့ ဒေးဗစ် ဘက်ခမ်း နဲ့ သူ့ ဇနီး ဗစ်တိုးရီးယား

ဧည့်ပရိတ်သတ် တွေထဲမှာ ဗြိတိသျှ တော်ဝင် မိသားစု မျိုးနွယ် အယောက် လေးဆယ်၊ နိုင်ငံတကာက တော်ဝင် မိသားစု အတော် များများနဲ့ နိုင်ငံတကာက နိုင်ငံရေး သမားတွေ ပါဝင်ကြ ပါတယ်။

အာရှ နိုင်ငံတွေ ထဲက ထိုင်းဘုရင့်သမီးတော် မဟာ ချက်ကရီ သီရိဒုံနဲ့ ဘရူနိုင်း စော်ဘွား တို့လည်း မင်္ဂလာပွဲကို တက်ရောက် လာခဲ့ကြ ပါတယ်။

ဗြိတိန် နိုင်ငံ ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း၊ ဒိုင်ယာနာ မင်းသမီးရဲ့ မောင်ဖြစ်သူ ချားလ်စ် စပန်စာ တို့လည်း ဘုရားကျောင်းကို လာကြတဲ့ ဧည့်သည်တွေထဲမှာ ပါဝင် ပါတယ်။

တခြား တက်ရောက် လာကြတဲ့ နာမည်ကျော် အနုပညာရှင်တွေနဲ့ အားကစား သမားတွေ ထဲမှာ အယ်လ်တန် ဂျွန်နဲ့ ဒေးဗစ် ဘက်ခမ်း တို့ ကိုလည်း တွေ့ရပါတယ်။

အဲဒီလို တော်ဝင် မိသားစု မျိုးနွယ်တွေ နာမည်ကျော် ကမ္ဘာကျော် ပုဂ္ဂိုလ်တွေ သာမက သူတို့ သမီး ကိတ် မစ်ဒယ်လ်တန် နေထိုင် ကြီးပြင်း ခဲ့ရာ ဘာ့က် ရှိုင်းယား ပြည်နယ် ဘတ်ကယ် ဘယ်ရီ ရွာလေးက ကိတ်ကို ငယ်စဉ် ကတည်းက သိကျွမ်း လာခဲ့ကြသူ အသားဆိုင် ပိုင်ရှင်၊ စတိုးဆိုင် ပိုင်ရှင်နဲ့ အရက်ဆိုင် ပိုင်ရှင် တို့လည်း ဖိတ်ကြားခံရသူ ဧည့်ပရိတ်သတ် တွေထဲမှာ ပါဝင် ပါတယ်။

ဘုရားကျောင်း တစ်လျှောက် ကော်ဇောနီ ခင်းထားပြီး တဘက် အချက်မှလည်း မင်္ဂလာ အခမ်း အနား အတွက် အထူး သယ်ဆောင် လာတဲ့ သစ်ပင်တွေနဲ့ တန်ဆာ ဆင် ထား ပါတယ်။