BBC Ukrainian တိုက်ရိုက် ရေဒီယို ထုတ်လွှင့်မှု ရပ်ပြီ

  • 30 ဧပြီ 2011
Image caption ဘီဘီစီ ယူကရိန်း လန်ဒန်က တိုက်ရိုက် ထုတ်လွှင့်မှု ရပ်ပြီ

လန်ဒန်ကနေ နှစ်ပေါင်း ၁ဂနှစ်လောက် တိုက်ရိုက် ထုတ်လွှင့်ခဲ့တဲ့ ဘီဘီစီ ယူကရိန်း ရဲ့ အစီအစဉ်တွေကို မနေ့က ထုတ်လွှင့်မှုဟာ နောက်ဆုံး ဖြစ်ပါတယ်။

ဗြိတိသျှ အစိုးရဲ့ စရိတ် ဖြတ်တောက် လျော့ချရေး အစီအစဉ်ရဲ့ တစိတ်တပိုင်း အဖြစ် ပြီးခဲ့တဲ့ ဇန္နဝါရီလ ကတည်းက ဘီဘီစီ ကမ္ဘာတလွှား အစီအစဉ် လက်အောက်က ဘာသာစကား ဌာန ၁၂ခုရဲ့ ရေဒီယို ထုတ်လွှင့်မှုတွေကို ရပ်ပစ်နေတဲ့ အထဲမှာ ဘီဘီစီ ယူကရိန်းက တခု အပါအဝင် ဖြစ်ပါတယ်။

ဘီဘီစီ ယူကရိန်းကို နားထောင်သူ အပတ်စဉ် ငါးသန်းလောက်ရှိတယ်လို့ သိရပါတယ်။

၁၉၉၂ခုနှစ် ကတည်းက စတင် ထုတ်လွှင့်ခဲ့တာ ဖြစ်ပြီး ယူကရိန်းရဲ့ ပထမဆုံး သမ္မတ Leonid Kravchuk နဲ့ တိုက်ရိုက် တွေ့ဆုံမေးမြန်းခန်း တင်ဆက်ခဲ့ဖူး ပါတယ်။

ကီးယက်မြို့ကနေ သတင်းတင်ဆက်မှုတွေကို အင်တာနက်က တဆင့် ဝန်ဆောင်မှု ဆက်ပေး သွားမယ်လို့ သိရပါတယ်။