အပစ်ရပ်ရေး ဗိုလ်မှူးကြီး ကဒါဖီ ကမ်းလှမ်း

  • 30 ဧပြီ 2011
ဓာတ်ပုံ မူပိုင် Other
Image caption ပြင်သစ်၊ အီတလီ၊ ဗြိတိန်၊ အမေရိကန်တို့နဲ့ ဆွေးနွေးဖို့ အဆင်သင့်ရှိနေပါတယ်

လစ်​ဗျားခေါင်းဆောင် ဗိုလ်မှူးကြီး ကဒါဖီက အပစ်ရပ်စဲပြီး စေ့စပ်ဆွေးနွေးမှု တွေ စတင် မယ်လို့ ကမ်းလှမ်းလိုက်တာကို နေတိုးအဖွဲ့နဲ့ လျစ်ဗျားသူပုန်တွေက ပယ်ချ လိုက်ပါတယ်။

လစ်ဗျားခေါင်ဆောင်ဗိုလ်မှူးကြီးကဒါဖီရဲ့ တပ်ဖွဲ့တွေ အနေနဲ့ အရပ်သားတွေ အပေါ် တိုက်ခိုက်မှုတွေ မရပ်မချင်း၊ ဆွေးနွေးမှုတွေ လုပ်ဖို့ကို လက်ခံ စဉ်းစားမှာ မဟုတ်ဘူးလို့ နေတိုးအဖွဲ့က ပြောပါတယ်။

ဘန်ဂါဇီမြို့က သူပုန်ခေါင်းဆောင်ပိုင်းကတော့ ဗိုလ်မှူကြီးကဒါဖီရဲ့ ကမ်းလှမ်းချက်ဟာ ယုံကြည်စိတ်ချရမှု မရှိဘူးလို့ ဆိုပါတယ်။

ဒါဟာ သူ ထပ်ခါတလဲလဲ အသုံးပြုနေတဲ့ နည်းနာ တခုသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီးကဒါဖီကတော့ ပြင်သစ် ဗြိတိန် နဲ့ အမေရိကန်တို့အနေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့် မယ်ဆိုရင် သူ့အနေနဲ့ စကားပြောဖို့ အဆင်သင့်ရှိတယ်လို့ ရုပ်မြင်သံကြားကနေ ပြောကြားသွားပါတယ်။