ကဒါဖီတပ်ဖွဲ့တွေ ဗုံးတွဲတွေ အသုံးပြု တိုက်ခိုက်

ဓာတ်ပုံ မူပိုင် Other
Image caption လစ်ဗျားအစိုးရကတော့ အခုလိုလက်နက်တွေ မသုံးကြောင်း အရင်က ငြင်းဆိုခဲ့ပါတယ်

လစ်ဗျားခေါင်ဆောင် ဗိုလ်မှူးကြီးကဒါဖီကို သစ္စာခံတဲ့ တပ်တွေက သူတို့ ဝိုင်းထားတဲ့ သူပုန်တွေ ထိန်းချုပ်ထားရာ မစ်စရာတာ ဆိပ်ကမ်းမြို့ကို ထပ်မံတိုက်ခိုက်ခဲ့ရာ ကလပ်စတာ ဗုံးတွဲတွေကိုပါ အသုံးပြုခဲ့ ပါတယ်။

ကုန်ကားတစီးအောက်မှာ ပေါက်ကွဲသွားတဲ့ ဖေါက်ခွဲရေး ပစ္စည်းတခုကြောင့် လူ ၂ ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ဆိပ်ကမ်းကြီးကြပ်ရေး အရာရှိတဦးက ပြောပါတယ်။

သတင်းသမားတွေ ရိုက်ကူးထားတဲ့ ဓါတ်ပုံ အထောက်အထားတွေအရ ဆိုရင် ကလပ်စတာ ဗုံးတွဲပစ်တဲ့ လက်နက်မျိုးတွေနဲ့ လူနင်းမိုင်းတွေကို ပစ်လွှတ်ခဲ့တယ်ဆိုတာ သံသယရှိစရာ မလိုဘူးလို့ ထရီပိုလီမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

အခုလို ကလပ်စတာ ဗုံးတွေကို အသုံးမပြုဖို့ ကမ္ဘာတလွှားနိုင်ငံ အတော်များများက တားမြစ် ထားတာဖြစ်ပါတယ်။

လစ်ဗျားအစိုးရကတော့ အခုလိုလက်နက်တွေ မသုံးကြောင်း အရင်က ငြင်းဆိုမှုတွေ ရှိခဲ့ပါ တယ်။

ပြီးခဲ့တဲ့အပတ်ကတော့ နေတိုးတပ်ဖွဲ့တွေဟာ မစ်စရာတာ ကမ်းလွန်မှာ ချထားတဲ့ ရေမြှုပ် မိုင်းတွေကို ရှင်းလင်း ဖယ်ရှားခဲ့ပါတယ်။