UNFC က အမြန်ဆုံး ပြည်ထောင်စုတပ်မတော်ပေါ်ပေါက်လို

  • 9 မေ 2011
Image caption တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တဖွဲ့

မကြာခင်က ပြည်ပမှာ ဖွဲ့စည်းခဲ့တဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေနဲ့ အဖြစ်ချင်ဆုံးက အမြန်ဆုံး ပြည်ထောင်စု တပ်မတော် ပေါ်ပေါက်ရေးလို့ ရှမ်းသံတော်ဆင့် သတင်းဌာနရဲ့ အယ်ဒီတာ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

UNFC ဟာ မြန်မာအစိုးရနဲ့ အပစ်ရပ် ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရော၊ အပစ်အခတ် ရပ်စဲမထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ တွေရော ပါဝင် ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို ပြည်ထောင်စု တပ်မတော် ပေါ်ပေါက်ရေးအတွက် ပါဝင်တဲ့ အဖွဲ့တွေ အနေနဲ့ စစ်ရေးသဘောတူညီချက်သာမက ၊ နိုင်ငံရေးအရ နဲ့ ဖွဲ့စည်းပုံဆိုင်ရာပါ သဘောတူညီကြဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒီအတွက် UNFC ဟာ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ အားလုံး သဘောတူအောင် ကြိုးစားကြလိမ့်မယ်လို့ ဦးခွန်ဆိုင်းက သုံးသပ်ပါတယ်။

ပြည်ထောင်စုတပ်မတော် လက်တွေ့ ပေါ်ပေါက်နိုင်ရေးဟာ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းမလဲဆိုတဲ့အပေါ် မူတည်နေတယ်လို့ ဆိုပါတယ်။