ဂျပန်က နျူကလီးယား စွမ်းအင်အစီအစဉ် ပြန်စဖို့လုပ်

  • 10 မေ 2011

ဂျပန်နိုင်ငံဟာ သူ့ရဲ့ စွမ်းအင်လိုအပ်ချက်ရဲ့ ၅၀ ရာခိုင်နှုန်းကို နျူကလီးယား စွမ်းအင်ကနေပဲ ရယူတိုးမြင့်ဖို့ အစီအစဉ်ကို ပြန်လည်စဉ်စားနေပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption ငလျင်အပြီး တချို့စက်ရုံတွေမှာ လျှပ်စစ်ဓာတ်အား အလျော့ခံရ

ဂျပန်အနေနဲ့ ဖူကူရှီးယားနျူကလီးယားစက်ရုံမှာ အန္တရာယ်ကျပြီးနောက်ပိုင်း သူ့ရဲ့ စွမ်းအင် လုပ်ငန်းအစီအစဉ်တွေ အဖုအထစ်ဖြစ်ခဲ့ တဲ့နောက် အခုတော့ ပြန်ပြီး စတင်လုပ်ဆောင်ဖို့ လိုပြီလို့ ဂျပန်ဝန်ကြီးချုပ် နာအိုတို ကန်က ပြောပါတယ်။

နျူကလီးယားစွမ်းအင်အသုံးပြုရာမှာ ဘေးကင်းလုံခြုံ ရေးကို ထည့်စဉ်းစားရသလို သဘာဝ ရင်းမြစ်ကရတဲ့ လောင်စာအသုံးပြု တာကလည်း ကမ္ဘာကြီးပူနွေးလာမှု ဖြစ်စေနိုင်လို့ အားလုံးကို ထည့်စဉ်းစားပြီး ၂ မျိုးစလုံးနဲ့ သွားရမယ်လို့ ဂျပန်၀န်ကြီးချုပ်က ပြောပါတယ်။

ဖူကူရှီးယားစက်ရုံမှာ မတ်လတုန်းက လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ဓာတ်ရောင်ခြည်တွေ ယိုစိမ့်ထွက်ခဲ့ ပါတယ်။

အဲဒီစက်ရုံကို လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေကလည်း ငလျင်ဖြစ်ပြီးပြီးချင်း ဘေးလွတ်ရာရွေ့ပြောင်းပေးခဲ့ရတဲ့ လူတွေကို လျော်ကြေးပေးနိုင်ဖို့အရေးမှာ အစိုးရဘက်က ရံပုံငွေရဖို့ လိုနေတယ်လို့ ပြောပါတယ်။

ဓာတ်ရောင်ခြည်တွေကြောင့် နောက်နှစ်လောက်ထိ ဒီစက်ရုံဝန်းကျင်မှာ လူတွေ နေထိုင်လို့ ရနိုင်ဖွယ် မရှိပါဘူး။