ပစ်ဒဏ်ချပြီးမှလွတ်ငြိမ်းခွင့်ပေး

  • 12 မေ 2011
ရုံးတော်ကို ဘီးတပ်ကုလားထိုင်နဲ့ရောက်လာတဲ့ Demjanjuk ဓာတ်ပုံ မူပိုင် Getty Images
Image caption ရုံးတော်ကို ဘီးတပ်ကုလားထိုင်နဲ့ရောက်လာတဲ့ Demjanjuk

အသက်၉၁နှစ်အရွယ်John Demjanjukဆိုသူကို ပိုလန်နိုင်ငံကို နာဇီတွေသိမ်းပိုက်တုံးက ဂျူးလူမျိုး၂၈၀၀၀ကျော်သတ်ဖြတ်မှုမှာ အကူအညီပေးမှုနဲ့ ဂျာမနီနိုင်ငံမြူးနစ်မြို့ရှိ တရားရုံးက ထောင်ဒဏ်၅နှစ် ချမှတ်လိုက်ပါတယ်။

အဲဒီနောက် အသက်အရွယ်ကိုထောက်ထားပြီး ပစ်ဒဏ်ကနေတရားရုံးကပြန်လွှတ်ပေးလိုက်ပါတယ်။

Sobibor သေမင်းတမန်စခန်းမှာ အစောင့်တာဝန်ကျခဲ့တဲ့Mr Demjanjuk ကိုတရားသူကြီးက နောက်ဆုံးဘာပြောစရာရှိသလဲလို့မေးရာမှာသူက ခေါင်းခါပြခဲ့ပါတယ်။ အခုစွဲချက်တွေကိုတော့ အပစ်မရှိဘူးလို့သူကငြင်းဆိုပါတယ်။

အခြားအကျဉ်းစခန်းတခုမှာ ကျူးလွန်မှု ရှိတယ်ဆိုပြီး လွန်ခဲ့တဲ့နှစ်၂၀လောက်က အစ္စရေးတရားရုံးက သေဒဏ်ပေးခဲ့ပေမဲ့နောက်ပိုင်းမှာ အထောက်အထား အသစ်အရ တခြားလူအပစ်ရှိကြောင်း တွေ့ရှိခဲ့လို့သူ့ကိုလွှတ်ပေးခဲ့ရဘူးပါတယ်။