အသေခံဗုံးခွဲမှုကြောင့်လူ၈၀ကျော်သေ

  • 13 မေ 2011
ပါကစ္စတန်ကဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်းမြင်ကွင်း ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပါကစ္စတန်ကဗုံးခွဲတိုက်ခိုက်မှုနောက်ပိုင်းမြင်ကွင်း

ပါကစ္စတန်အနောက်မြောက်ပိုင်းမှာ အသေခံဗုံးဖောက်ခွဲမှုနှစ်ခုကြောင့် စစ်ဗိုလ်လောင်း တွေသေဆုံးခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ လူ ၈၀ မှာ အားလုံးနီးပါးဟာ အသစ်စက်စက် ဗိုလ်လောင်းလေးတွေ ဖြစ်ကြပါတယ်။ သူတို့ဟာဗိုလ်သင်တန်းဆင်းပြီး စစ်ဘက် တာဝန်မထမ်းဆောင်ခင် အိမ်ကို ခွင့်နဲ့ ပြန်ကြဖို့ အတွက် ဘတ်စ် ကားပေါ် အတက်မှာ အခုလို အသေခံ ဗုံးဖောက်ခွဲလုပ်ကြံတာကို ခံခဲ့ကြရတာ ဖြစ်ပါတယ်။

ဒဏ်ရာရသူပေါင်းကလည်း ၁၂၀ လောက်ရှိပါတယ်။ ဒီဖြစ်ရပ်ဟာ အမေရိကန် အထူးတပ်ဖွဲ့က အိုစမာဘင်လာဒင်ကို ဝင်ရောက် သတ်ဖြတ်ခဲ့ တယ်လို့ ကြေငြာအပြီး နှစ်ပတ်အတွင်းမှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။

ပါကစ္စတန် တာလီဘန် အဖွဲ့က အခုတိုက်ခိုက်မှုဟာ သူတို့ လက်ချက်လို့ ကြေငြာခဲ့သလို နောက်ထပ်တိုက်ခိုက်မှုတွေလည်း အမြောက်အများ ထပ်လုပ်ဦးမယ်လို့ ဆိုပါတယ်။ အိုစမာဘင်လာဒင်ဟာ သူတို့ ခေါင်းဆောင်မဟုတ်ပေမဲ့ ဘင်လာဒင်ကို မူဆလင်သူရဲကောင်းလို့ သူတို့က သဘောထားကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

အခုလို အသေခံ တိုက်ခိုက်မှု ဖြစ်ချိန်မှာ ပါကစ္စတန် စစ်ဘက် ခေါင်းဆောင် တွေဟာ ဘင်လာဒင်ကိစ္စနဲ့ စပ်လျဉ်းပြီး လွှတ်တော်ထဲမှာ မေးခွန်းထုတ်ကြ တာကို ဖြေဆိုကြမယ့် အချိန်ဖြစ်ပါတယ်။

ဒါပေမဲ့ မေးခွန်းထုတ်ကြမယ့် လွှတ်တော်အမတ်တွေနဲ့ ပြည်သူတွေဟာ ဘင်လာဒင် ပါကစ္စတန်မှာ နေခဲ့တာနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တာထက် အမေရိကန်က ပါကစ္စတန်ရဲ့ သဘောတူညီ ချက် မတောင်းခံဘဲ ဝင်ရောက်တိုက်ခိုက်သွားတာကို ပိုပြီး စိုးရိမ်ပူပန်ကြပုံပေါ်ပါတယ်။

အများပြည်သူ အနေနဲ့ကတော့ အာဏာပိုင်အဖွဲ့ အစည်းတွေဟာ ဒီလို ကိစ္စမျိုးတွေ နောက်ထပ် မပေါ်ပေါက်အောင် တားဆီးဟန့်တားနိုင်ပါ့မလား ဆိုတဲ့ အချက် အပေါ် ယုံကြည်မှုသိပ်မရှိဘဲ သံသယဝင်ပြီး စိုးရိမ်ပူပန်နေကြပါတယ်။