ဘင်လာဒင် အတွက် တာလီဘန် လက်တုန့်ပြန်

  • 13 မေ 2011

ပါကစ္စတန် နိုင်ငံ အနောက် မြောက်ပိုင်းက စစ်လေ့ကျင့်ရေး စခန်း တစ်ခု တိုက်ခိုက်ခံခဲ့ရတဲ့ အတွက် လူပေါင်း ၈၀ ထက် မနည်း သေဆုံးပြီး အမြောက် အများ ဒဏ်ရာရခဲ့ ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption သောကြာနေ့က အသေခံ ဗုံးခွဲမှု ဖြစ်ပြီး မြင်ကွင်း

ဒီတိုက်ခိုက်မှုဟာ အခုလဆန်းပိုင်းက အမေရိကန်တို့ ဝင်ရောက်စီးနင်းပြီး အိုစမာဘင် လာဒင် ကို သတ်ဖြတ်မှု အတွက် လက်စား ချေတာ ဖြစ်တယ်လို့ တာလီဘန် တို့က ပြောပါတယ်။

တိုက်ခိုက်မှုတွေ ထဲမှာ အခု တကြိမ်ဟာ အသေ အပျောက် အများဆုံး ဖြစ်ပါတယ်။

ပါရှာဝါ မြို့က ဆေးရုံမှာ လူပေါင်း ၁၂၀ လောက်ကို ဆေးကုသ ပေးနေပါတယ်။