အစ္စရေးနဲ့ ပါလက်စတိုင်းတို့ ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်

  • 15 မေ 2011
ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စရေးတပ်ဖွဲ့တွေက ပစ်ခတ်ခဲ့လို့ ဂါဇာမှာ အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရ

၁၉၄၈ ခုနှစ်က အစ္စရေးနိုင်ငံ ထူထောင် ခဲ့ခြင်း အတွက် အထိမ်းအမှတ် အခမ်း အနား ပြုလုပ် နေကြတဲ့ ဂျော်ဒန်မြစ် အနောက်ဖက် ကမ်းကအစ္စရေးတပ်ဖွဲ့တွေနဲ့ ဂါဇာကမ်းမြှောင်ဒေသက ပါလက်စတိုင်း ဆန္ဒပြသူတွေ အကြား ထိပ်တိုက်ရင်ဆိုင်မှု တွေ ဖြစ်ပွားခဲ့ပါတယ်။

အစ္စရေးတပ်ဖွဲ့တွေက စက်သေနတ်တွေ၊ တင့်ကားပေါ်ကနေ အမြောက်တွေနဲ့ ပစ်ခတ်ခဲ့ လို့ ဂါဇာမှာ အနည်းဆုံး လူ ၁၅ ဦး ဒဏ်ရာရရှိ သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။

ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ရာမာလာ မြို့မှာတော့ ခဲတွေနဲ့ ပြန်ပစ်ပေါက်နေတဲ့ ပါလက်စတိုင်းတွေကို ရာနဲ့ချီတဲ့ အစ္စရေး အဓိကရုဏ်း နှိမ်နှင်းရေးရဲနဲ့ စစ်တပ်ဖွဲ့ဝင် တွေက မျက်ရည်ယိုဗုံးတွေ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အိမ်နီးချင်း ဆီးရီးယားနိုင်ငံက ပါလက်စတိုင်း ဒုက္ခသည်တွေဟာ နယ်စပ်ကို ချိုးဖေါက် ဝင်ရောက်ခဲ့လို့ ဂိုလန်ကုန်မြင့်ဒေသမှာ လုံခြုံရေးတွေက ကျည်ဆံအစစ်တွေ သုံးပြီး ပစ်ခတ် ခဲ့တယ်လို့ သိရပါတယ်။