ဦးသိန်းစိန်ကို လက်မှတ်ထိုး ပန်ကြားလွှာ ပေးပို့

  • 15 မေ 2011
thein_sein ဓာတ်ပုံ မူပိုင် Reuters
Image caption သမ္မတ ဦးသိန်းစိန်

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေး အတွက် လက်မှတ်ထိုး ပန်ကြားလွှာတွေ စုဆောင်းပြီး နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထံကို ပေးပို့တဲ့ လှုပ်ရှားမှု ကို ဧပြီလ မြန်မာ နှစ်ဆန်း တရက်နေ့က စတင်လုပ်ခဲ့ ပါတယ်။

အခုဆိုရင် ပေးပို့ခဲ့တာ ၂ ကြိမ်ရှိပြီ ဖြစ်ပါတယ်။

အဲဒီ လှုပ်ရှားမှု စခဲ့တဲ့ အချိန်က စပြီး အခု အထိ ပန်ကြားလွှာ ဘယ်လောက်ရခဲ့ ပြီးကြောင်းကို လှုပ်ရှားမှု ဦးဆောင်သူ ကိုတိုးကျော်လှိုင်ကို ဘီဘီစီက မေးကြည့်ခဲ့ရာမှာတော့ အခု လောလောဆယ်မှာတော့ ၃ သောင်းကျော် လောက် ရပြီး ဖြစ်ကြောင်း နဲ့ အခုထိ ၂ ကြိမ် ၆၄၀၈ ဦး စာကို တင်ပေးပြီး ဖြစ်ကြောင်းနဲ့ အကုန်လုံး မတင်နိုင်တာကတော့ စီစစ်နေရလို့ ဖြစ်ကြောင်း နဲ့ တစ်ပတ်ကို ၅ ထောင် လောက်ပို့ပေး ဖို့ ကြိုးစား သွားမယ်လို့ ဆိုပါတယ်။

အခုလို ပန်ကြားလွှာတွေကို ကောက်ခံရာမှာလဲ ဒေသဆိုင်ရာ အာဏာပိုင်တွေ ဘက်က တားဆီးတာမျိုး တော့မရှိသေးကြောင်း၊ နောက်ပိုင်းမှာ အရှိန်မြှင့်ပြီး တအိမ်တက်ဆင်း ကောက်ခံတာ တွေ လုပ်လာရင်တော့ တားဆီးတာ မျိုးတွေ ရှိကောင်းရှိလာ နိုင်တယ်လို့ လဲ ပြောပါတယ်။

ကျောင်းသားနဲ့ ဝန်ထမ်း တွေ ဘက်ကရော ဘယ်လောက် အားပေးသလဲဆိုရာ မှာတော့ ကျောင်းသားတွေ ဆိုရင် သူတို့ တက်ရောက်နေတဲ့ တက္ကသိုလ် အမည်ပါ ထည့်ပြီး ဗြောင်ကိုပါဝင် ကြောင်းနဲ့ ရဟန်းသံဃာ တော်တော် များများနဲ့ ဝန်ထမ်း တွေ ထဲက တချို့ လဲ ပါဝင် လာကြ ကြောင်း ပြောပြပါတယ်။ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး တွေက ဝန်ထမ်းတွေ တောင်ပါဝင်ကြောင်းလဲ ဆိုပါတယ်။

အခု အချိန်အထိတော့ ဘာမှ တုန့်ပြန်မှု မရသေးကြောင်းနဲ့ ဘာမှ လဲမဆက်သွယ်သေးကြောင်းလဲ ပြောပြပါတယ်။

ဦးသိန်းစိန် လက်ထဲ စာတွေ ရောက်မရောက် ကတော့ အမြန်ချော့ပို့ နဲ့ ပို့ခွင့်ရှိလို့ ပို့ထားခဲ့တဲ့ အပြင် ဦးသိန်းစိန် ကို လိပ်မူပြီး ပို့ထားတာ ဖြစ်လို့ ရောက်မယ်လို့ ယူဆကြောင်း ၊ ဦးသိန်းစိန် လက်ထဲ ရောက်မရောက် ကိုတော့ ပြောရခက်ကြောင်း ကိုလဲ ပြောပြသွားပါတယ်။