နေပြည်တော် တပ်ကုန်း မှာ ဗုံးကွဲပြီး လူ ၂ဦး သေ

  • 18 မေ 2011
blast_ygn ဓာတ်ပုံ မူပိုင် bbc
Image caption ရန်ကုန်မှာ ပေါက်ကွဲမှု ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့များ ရောက်လာစဉ်က

ဗုဒ္ဓဟူး နေ့ က ညနေပိုင်း လောက်မှာ နေပြည်တော် တပ်ကုန်း မြို့နယ် အတွင်း ခရီးသည်တင် ရထား တစီးပေါ်မှာ ဗုံး ပေါက်ကွဲ ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၂ ဦး သေဆုံး သွားကာ လူ ၉ ဦး ထက်မနည်း ဒဏ်ရာ ရရှိ သွား ပါတယ်။

တပ်ကုန်း မြို့နယ် အတွင်း တနေရာ ရထား တစင်း ပေါ်မှာ ဗုံး က ကွဲခဲ့တာ ဖြစ်ကြောင်း တပ်ကုန်း ရဲစခန်း က တာဝန်ရှိ ရဲ ဝန်ထမ်း တဦး က ဘီဘီစီ ကို ပြော ပါတယ်။

ဗုံးကွဲတဲ့ သတင်း ကို နိုင်ငံပိုင် ရေဒီယို နဲ့ ရုပ်မြင်သံကြား တို့ က လည်း ထုတ်လွှင့် ခဲ့တယ် လို့ သိရ ပါတယ်။

မြန်မာနိုင်ငံ မှာ ဗုံးကွဲ မှု တွေ က ဖြစ်လေ့ရှိပြီး ဖြစ်တဲ့ ဖြစ်ရပ် တိုင်းမှာ အစိုးရ က အစိုးရ ဆန့်ကျင်ရေး လက်နက်ကိုင် အဖွဲ့ တွေ က လုပ်ဆောင် တာလို့ စွပ်စွဲ ပါတယ်။

လက်နက်ကိုင် သူပုန် တွေ အဖွဲ့ ကလည်း သူတို့ လက်ချက် မဟုတ်ကြောင်း ငြင်းခဲ့ ကြသလို ဘယ်သူ က လုပ်ဆောင် နေတာ လဲ ဆိုတာ ကို ပြည်သူ တွေ အနေ နဲ့ တိတိ ကျကျ မသိ နိုင်ပဲ ဖြစ် နေရ ပါတယ်။

အခုလို ဗုံးကွဲတဲ့ ဖြစ်ရပ် ဟာ အမေရိကန် နိုင်ငံ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက် ယွန်း မြန်မာနိုင်ငံ ကို ရောက်နေတဲ့ အချိန် နဲ့ လည်း တိုက်ဆိုင် နေ ပါတယ်။