ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်တွေ မှားခဲ့

ဆီးရီးယား သမ္မတ ဘရှား အာဆတ်က လုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ နှစ်လအတွင်း လူထု လှုပ်ရှားမှုတွေမှာ ကိုင်တွယ် ဆောင်ရွက်ပုံတွေ အမှားအယွင်း တချို့ ရှိခဲ့ပါတယ်လို့ ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption သမ္မတပြောတဲ့ အပြစ်ရှိသူတွေ

နိုင်ငံတဝှန်း ဖြစ်ခဲ့တဲ့ လူထု လှုပ်ရှားမှုတွေ အတွင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင် တွေရဲ့ ပစ်ခတ် နှိမ်နင်းမှု တွေကြောင့် ပြည်သူ ၈၀၀ ကျော် အသက် ဆုံးရှုံးခဲ့ပြီး ဖြစ်ပါတယ်။

Al Watan သတင်းစာပါ ဖော်ပြချက်မှာ သမ္မတ အာဆတ်က လုံခြုံရေးတပ်ဖွဲ့ဝင် ထောင်သောင်း ချီကို မွမ်းမံသင်တန်းသစ်တွေ ပေးသွားမယ်လို့ ပြောခဲ့ပါတယ်။

ဆီးရီးယား အစိုးရဟာ ဘာပြောင်းမယ်၊ ညာပြောင်းမယ်နဲ့ ကတိပြု ပြောတာမျိုးတွေ သိပ်ပြောပေမယ့် တကယ်တမ်း လက်တွေ့ လုပ်တာကတော့ သိပ်ကို နည်းလွန်း ပါတယ်၊ ဒါကြောင့် ဆီးရီးယား အပေါ် ဖိအားတွေ ထပ်ပေးဖို့ ကြံဆ နေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောခွင့်ရ ပုဂ္ဂိုလ် မာ့က် တုန်နာ ပြောပါတယ်။

သမ္မတက သတင်းစာမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ မှားကြောင်း ပြောထားပေမယ့် လုံခြုံရေး တပ်ဖွဲ့ဝင် တွေရဲ့ ပစ်ခတ်မှုတွေ ကတော့ ရှိနေတုန်း ပဲလို့ ဘီဘီစီက စုံစမ်းသိရ ပါတယ်။

လက်ဘနွန်က ဆီးရီးယား ဒုက္ခသည်တွေက ဘီဘီစီကို ပြောတာမှာတော့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ရက်ပေါင်းများစွာ သိမ်းထားတဲ့ တယ်လ် ခလာ့မြို့မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ များနေလို့ ထွက်ပြေး လာတာလို့ ပြောပါတယ်။