ယီမင်သဘောတူညီချက် လက်မှတ်ထိုးမည်

  • 18 မေ 2011

ယီမင်နိုင်ငံရဲ့ အစိုးရနဲ့ အတိုက်အခံ နှစ်ဘက်စလုံးက ရတဲ့ သတင်းတွေ အရ တိုင်းပြည်ရဲ့ နိုင်ငံရေး အကြပ်အတည်းက လွတ်မြောက် နိုင်မယ့် သဘောတူညီချက် တရပ်ကို ဒီနေ့ နှောင်းပိုင်းမှာ လက်မှတ် ရေးထိုး နိုင်မယ်လို့ သိရပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption ယီမင် နိုင်ငံရေး အကြပ်အတည်း ပြေလည်တော့မှာလား

သဘောတူညီချက် အရဆိုရင် လက်ရှိ အာဏာ ယူထားတဲ့ သမ္မတ အလီ အဗ္ဗူလာ ဆာလာ့ ဟာ တစ်လ အတွင်း ရာထူးကနေ ဆင်းပေးရမှာ ဖြစ်ပြီး သမ္မတရဲ့ လုပ်ဆောင်ခဲ့တဲ့ ကိစ္စတွေ အတွက်တော့ တရားစွဲ ဆိုခံရခြင်းကနေ ကင်းလွတ်ခွင့် ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လကတော့ သမ္မတ ဆာလာ့က လက်မှတ် ထိုးကာနီးကျမှ မထိုးတော့ဘူး ဆိုပြီး ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သုံးလ အတွင်း အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှု တွေကြောင့် ပြည်သူ ၁၇၀ ကျော် သေဆုံးခဲ့ တယ်လို့ သတင်းတွေ အရ သိရပါတယ်။