မန်ဒဲလား အိမ်အပြန်

  • 23 မေ 2011
Mandella
Image caption မန်ဒဲလား ပြန်ကျန်းမာလာပြီ

တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား ဟာ သူ့နေအိမ်ရှိရာ ဂျိုဟန်းနက်စ်ဘတ် ကနေ ကိတ် ပြည်နယ် အရှေ့ပိုင်းက သူ့ဇာတိ ကူးနူး ကို အလည်ခရီး ထွက်ခဲ့ပါတယ်။

ဒီနှစ် အစောပိုင်းတုန်းက အသက်ရှူလမ်းကြောင်း ရောဂါရပြီး ဆေးရုံတက်ခဲ့ရတဲ့ အတွက် အခုသူ့ခရီးစဉ်မှာ ဆေးဝါးကုသရေး အဖွဲ့တဖွဲ့ကလည်း အတူ စောင့်ကြပ် လိုက်ပါလာပါတယ်။

မစ္စတာ မန်ဒဲလားအနေနဲ့ အခုလို ခရီးသွားလာနိုင်တဲ့ အတိုင်းအတာ အထိ ကျန်းမာရေး ကောင်းမွန်လာတဲ့ အတွက် ဝမ်းသာကျေနပ်မိတယ်လို့ လက်ရှိသမ္မတ ဂျေကော့ဗ် ဇူးမားက ပြောပါတယ်။