ကရာချိမြို့ ရေတပ် စခန်း သူပုန်ဝင်စီး

  • 23 မေ 2011
pakistan ဓာတ်ပုံ မူပိုင် BBC World Service
Image caption ပါကစ္စတန် အစိုးရတပ်ဖွဲ့

ပါကစ္စတန်နိုင်ငံ ကရာချိမြို့က ရေတပ် အခြေစိုက်စခန်းတခုကို ပြီးခဲ့တဲ့ ညတုန်းက လက်နက်ကိုင် သူပုန်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ အတွက် ပါကစ္စတန် အစိုးရတပ်ဖွဲ့တွေနဲ့ ရှည်လျားကြာညောင်းတဲ့ တိုက်ပွဲ ဆင်နွဲခဲ့ရပါတယ်။ တိုက်ပွဲ အတွင်းမှာ လူ ဆယ့်နှစ်ယောက် သေဆုံးခဲ့ပါတယ်။

အခုအခါမှာ တိုက်ပွဲပြီးဆုံးသွားပြီလို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသကိုရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ သူပုန်တော်တော်များများကို သတ်ဖြတ်နိုင်ခဲ့ပြီး ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရသူတွေလည်း ပြန်လည် လွတ်မြောက်လာကြပါပြီ။

တဒါဇင်လောက်ရှိတဲ့ လက်နက်ကိုင် သူပုန်တွေက ယူနီဖောင်းတွေဝတ်ဆင်ထားပြီး ရေတပ် အခြေစိုက်စခန်းမှာ ပေါက်ကွဲပစ္စည်းတွေတပ်ဆင်ထားသလို လေယာဉ်တချို့ကိုလည်း ဖျက်ဆီးခဲ့ကြတာဖြစ်ပါတယ်။