တာလီဘန် ခေါင်းဆောင် မသေကြောင်း ငြင်းဆို

  • 23 မေ 2011
Mullah Omar
Image caption တာလီဘန် ခေါင်းဆောင် မူလာ အိုမာ

အာဖဂန် တာလီဘန် ခေါင်းဆောင် မူလာ မိုဟမ်မက် အိုမာကို ပါကစ္စတန်နိုင်ငံ အတွင်းမှာ သတ်ဖြတ်လိုက်ပြီ ဆိုတဲ့ သတင်းမမှန်ဘူးလို့ တာလီဘန် အဖွဲ့က ငြင်းလိုက်ပါတယ်။

မူလာ အိုမာဟာ အသက်ထင်ရှားရှိပြီး အာဖဂန်နစ္စတန် နိုင်ငံထဲမှာ သူပုန်အဖွဲ့ကို ခေါင်းဆောင်နေကြောင်း တာလီဘန် ပြောရေးဆိုခွင့်ရှိပုဂ္ဂိုလ် ဖာဘီဟူလာ မူဂျာဟစ် ကပြောပါတယ်။

မူလာအိုမာကို ပါကစ္စတန် ထောက်လှမ်းရေးက ဖမ်းမိခဲ့ပြီး ကက်တာ ကနေ ဝါဇီရဇ္ဇတန်မြောက်ပိုင်းကို ပို့ဆောင်စဉ် အသတ်ခံခဲ့ရတယ်လို့ အာဖဂန်နစ္စတန် ရုပ်မြင်သံကြားက ထုတ်လွှင့်ခဲ့တဲ့ သတင်းအပေါ်မှာ အခုလို တုန့်ပြန် ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်လုံခြုံရေး အရာရှိတယောက်ကတော့ သတင်းကို အတည်ပြုဖို့ ငြင်းဆန်ပါတယ်။