ထ​ရီ​ပို​လီ​ကို နေ​တိုး​တိုက်တာ ရု​ရှ​ဝေဖန်

လစ်ဗျားနိုင်ငံ မြို့တော် ထရီပိုလီကို လေကြောင်းကနေ နေတိုးရဲ့ အခု နောက်ဆုံး တိုက်ခိုက်မှုတွေကို ရုရှနိုင်ငံက ရှုတ်ချလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် AP
Image caption နေတိုးက ငါးကြိမ်လောက် တိုက်ခိုက်ခဲ့တဲ့ လစ်ဗျားမြို့တော် ထရီပိုလီ

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ် ချက်မှာ ထရီပိုလီက ပြည်သူတွေကို ကာကွယ်ဖို့ လေကြောင်းကနေ တိုက်ခိုက်ဖို့ ပေးထားတယ် ဆိုပေမယ့် အခု နေတိုးရဲ့ တိုက်ခိုက်မှု ကတော့ လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက် နေတယ်လို့ ရုရှက ပြောပါတယ်။

ရုရှနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ လူ့အခွင့်အရေးဆိုင်ရာ သံတမန်က လေကြောင်း တိုက်ခိုက်မှုတွေဟာ စစ်ရေးနဲ့ မဆိုင်တဲ့နေရာတွေကို ဖျက်ဆီးတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး၊ ဒီလို တိုက်ခိုက်မှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့ ရုရှက တောင်းဆိုလိုက်ပါတယ်။

ထရီပိုလီကတော့ မနေ့ညက ပြင်းပြင်းထန်ထန် ငါးကြိမ်လောက် လေကြောင်းကနေ တိုက်ခိုက်ခံရမှုမှာ တော်တော် အထိနာသွားတယ်လို့ သိရပါတယ်။