G8 စက်မှုထိပ်သီး ညီလာခံ စတင်ပြီ

  • 26 မေ 2011
G8 Summit ဓာတ်ပုံ မူပိုင် AFP
Image caption G8 ထိပ်သီး ညီလာခံ ကို အမေရိကန် သမ္မတ အိုဘားမား လည်း ရောက်ရှိနေ

G8 စက်မှု ထိပ်သီး နိုင်ငံများ ရဲ့ နှစ် ပတ်လည် ထိပ်သီး ညီလာခံ ကို ပြင်သစ် နိုင်ငံ Deauville မြို့မှာ စတင် ဖွင့်လှစ် လိုက်ပါပြီ။

G8 နိုင်ငံတွေ အဓိက ဆွေးနွေး ကြမယ့် အကြောင်း အရာ တွေကတော့ ကမ္ဘာ့ စီးပွားရေး အခြေ အနေနဲ့ မြောက် အာဖရိက နဲ့ အရှေ့ အလယ်ပိုင်း ဒေသ က အုံကြွ မှုတွေ ဖြစ်တယ် လို့ ဥရောပ ကောင်စီ ဥက္ကဌ Herman Van Rompuy က ပြော ပါတယ်။

အဲဒီ ဒေသမှာ နေထိုင်တဲ့ လူ သန်း ၄၀၀ ရဲ့ လိုလား ချက်တွေ ဖြစ်တဲ့ ဒီမို ကရေစီနဲ့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ကိစ္စ ရပ်တွေ အတွက် G8 နိုင်ငံ တွေက ထောက်ခံ ပံ့ပိုးမှု ပေးမှာ ဖြစ်တယ် လို့လည်း သူက ပြော ပါတယ်။

G8 ထိပ်သီး ညီလာခံ ကို အမေရိကန် ပြည်ထောင်စု၊ ကနေဒါ၊ ဂျပန်၊ ရုရှ နဲ့ဥရောပ က စီးပွားရေး ထိပ်သီး နိုင်ငံ တွေက ခေါင်းဆောင် တွေ တက်ရောက် နေကြတာ ဖြစ် ပါတယ်။