တရုတ်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်များ တွေ့ဆုံ

Kim Jong-il ဓာတ်ပုံ မူပိုင် AFP
Image caption မြောက်ကိုရီးယား ခေါင်းဆောင်ဟာ တရုတ် ပြည်ကို မီးရထားနဲ့ ခရီးလှည့်ခဲ့ တာပါ

တရုတ် နိုင်ငံမှာ တစ်ပတ်ကြာ အလည် အပတ် ရောက်ရှိ နေတဲ့ မြောက် ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီးလ် ဟာ တရုတ် ထိပ်တန်း ခေါင်းဆောင် တွေနဲ့ နိုင်ငံတော် ဧည့်ခံပွဲ တခုမှာ တွေ့ဆုံ ခဲ့ကြောင်း တရုတ် အရာရှိ တွေက အတည်ပြု ပြောကြား လိုက်ပါတယ်။

မြောက် ကိုရီးယား ဟာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ရနိုင်တဲ့ အရင်းအမြစ် တွေကို အသုံးချပြီး အာရုံစိုက် ဆောင်ရွက် နေကြောင်း မြောက် ကိုရီးယား ခေါင်းဆောင် က တရုတ် သမ္မတ ဟူကျင်းတောင် ကို ပြောခဲ့ တယ်လို့ တရုတ် အစိုးရ သတင်း ဌာနက ဆို ပါတယ်။

ကင်ဂျုံအီးလ် ဟာ တရုတ် နိုင်ငံ အရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်း တွေမှာ ရှိတဲ့ စက်ရုံ တွေဆီကို သီးသန့် ရထားနဲ့ ခရီး လှည့်လည် သွားရောက် ခဲ့တယ်လို့ သတင်း တွေက ဆိုပါတယ်။

အခြား အိမ်နီးချင်း နိုင်ငံတွေ နဲ့ရော၊ အမေရိကန် ပြည်ထောင်စု နဲ့ ကြားမှာပါ တင်းမာ မှုတွေ ရှိနေတဲ့ မြောက် ကိုရီးယား နိုင်ငံ ဟာ ကုန်သွယ်ရေး အတွက်နဲ့ ကူညီ ထောက်ပံ့ မှုတွေ ရရှိရေး တွေ အတွက် တရုတ် နိုင်ငံကို တစထက် တစ ပိုပြီး အားထား နေရတာ ဖြစ်ပါတယ်။