အကျဉ်းသားအခွင့်အရေးအချို့ရ

  • 26 မေ 2011
အကျဉ်းသားများ အင်းစိန်ထောင်မှပြန်လွတ်လာစဉ် ဓာတ်ပုံ မူပိုင် AFP
Image caption အကျဉ်းသားများ အင်းစိန်ထောင်မှပြန်လွတ်လာစဉ်

အင်းစိန်ထောင်မှာနိုင်ငံရေး အကျဉ်းသားတွေက အကျဉ်းထောင် လက်စွဲဥပဒေပါ အချက်တွေ အတိုင်းဆောင်ရွက် ပေးဖို့ဆန္ဒပြ တောင်းဆိုနေခဲ့တာ ဒီကနေ့ မှာတော့ ထောင်အာဏာ ပိုင်တွေနဲ့ နိုင်ငံရေးအကျဉ်းသား (၁၀)ဦးတွေ့ဆုံ ခဲ့ပြီး အဆင်ပြေခဲ့လို့ စစ်ခွေးတိုက်ကနေ အဆောင် တွေကိုပြန်ပို့ လိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေက ထောင်အခွင့်အရေး (၆)ချက်ကိုပြီးခဲ့တဲ့ စနေနေ့က အခန်းအပြင်မ ထွက်ဘဲဆန္ဒပြတောင်းဆိုခဲ့တာပါ။နောက်နေ့တွေမှာလဲ အစာအငတ်ခံ ဆန္ဒဆက်ပြခဲ့တာကြောင့် အင်္ဂါနေ့က ဦးဆောင်သူတွေကို စစ်ခွေးတိုက်ပို့ခဲ့တာ ဖြစ်ပါတယ်။

အာဏာပိုင်တွေက ဒီကနေ့မှာတော့ စစ်ခွေးတိုက်ပို့ထား သူတွေကို အဆောင်တွေကို ပို့လိုက်ပြီးပြေလည်မှုတ ွေရခဲ့တဲ့အကြောင်း နိုင်ငံရေးအကျဉ်းသားတွေကိုကူညီသူ ကိုအောင်ဇော်ထွန်းကဘီဘီစီကိုပြောပါတယ်။

ခုလိုပြေလည်မှု ရခဲ့ပေမဲ့ တောင်းဆိုချက်တွေထဲက ဘယ်အချက်တွေကိုလိုက်လျောတယ် ဆိုတာကတော့ တိတိကျကျမသိရသေးပါဘူး။ နောက်ပိုင်းမှာ ထောင်ပြောင်းရွှေ့ မှာလဲစိုးရိမ်တယ်လို့သူက ပြောပါတယ်။

ခုလိုထောင်အာဏပိုင်တွေဘက်က လိုက်လျောခဲ့တာဟာ ဘာကြောင့်လဲဆိုတာ အကျဉ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ မြန်မာနိုင်ငံက အတွင်းရေးမှူး ကိုတိတ်နိုင်ကတော့ နိုင်ငံတကာဖိအားပေးမှုတွေကြောင့်နဲ့ အကျဉ်းသားတွေရဲ့ ခိုင်မာတဲ့စိတ်ဓတ်ကို မလွန်ဆန်နိုင်လို့ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။ အင်းစိန်ထောင်မှာ မှမဟုတ်ဘဲ တခြားနယ်ထောင်တွေမှာလဲ အကျဉ်သားအခွင့်အရေး မရတာ နိုင်ငံရေး အကျဉ်သားတွေအပေါ်ခွဲခြား ဆက်ခံရတာ ဆေးဝါးကုသခွင့် မရလို့ အသက်ဆုံးရှုံး ရတာတွေလဲရှိခဲ့တယ်လို့ လွတ်မြောက်လာတဲ့အကျဉ်း သားတွေက ဘီဘီစီကိုပြောပြပါတယ်။