ဝန်ကြီး ကလင်တန် ပါကစ္စတန်ကို ရောက်လာ

  • 27 မေ 2011

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟေလာရီ ကလင်တန်က အမေရိကန်နဲ့ ပါကစ္စတန် ဆက်ဆံရေးက အလှည့် အပြောင်း နေရာ တစ်ခုဆီ ရောက်နေပြီလို့ ပြောဆိုလိုက် ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေးကို အမေရိကန် သမ္မတနဲ့ ထိပ်တန်း အရာ ရှိတွေ ကြည့်ရှုနေစဉ်

ပါကစ္စတန် နိုင်ငံရဲ့ မြေပေါ်မှာ အမေရိကန် တပ်ဖွဲ့တွေက အိုစမာဘင် လာဒင်ကို သတ်ဖြတ်ခဲ့ တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး အကြီးအကျယ် ဆိုးဝါး လာခဲ့ပြီးတဲ့ နောက် ပထမဆုံး အကြိမ် ပါကစ္စတန် နိုင်ငံခရီးစဉ် အတွင်း အစ္စလမ် မာဘတ် မြို့မှာ မစ္စစ် ကလင်တန်က အခုလို ပြောခဲ့တာပါ။

ပါကစ္စတန် က နိုင်ငံရေး၊ စစ်ရေး ဆိုင်ရာ ခေါင်းဆောင်တွေ နဲ့ ဆွေးနွေး အပြီး မစ္စစ် ကလင်တန်က အိုစမာဘင် လာဒင် ဘယ်မှာ ပုန်းအောင်း နေခဲ့တယ်ဆိုတာကို ပါကစ္စတန် အစိုးရ သိရှိတဲ့ အထောက် အထား မရှိပါဘူးလို့ လည်း ပြောခဲ့ပါတယ်။

ဒါပေမဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် နှစ်နိုင်ငံ စလုံးက ပိုမို လုပ်ဆောင်ကြဖို့ လိုတယ် လို့လည်း သူက ပြောပါတယ်။