တရုတ် မြန်မာကို ငွေချေးမည်

  • 28 မေ 2011
Thein Sein ဓာတ်ပုံ မူပိုင် AFP Getty
Image caption ဦးသိန်းစိန် တရုတ်ကို ရောက်ရှိလာစဉ်

တရုတ်က မြန်မာကို ယူရို သန်း ငါးရာ့ လေးဆယ် ချေးဖို့ သဘော တူလိုက် ပါပြီ။

မြန်မာ သမ္မတ ဦးသိန်းစိန်ရဲ့ တရုတ် ခရီးစဉ်မှာ တရုတ်က အမေရိကန် ဒေါ်လာ ၇၆၅ သန်းနဲ့ ညီမျှတဲ့ ယူရို သန်းငါးရာ့လေးဆယ်ကို တရုတ် ဖွံ့ဖြိုးရေး ဘဏ်ကတဆင့် ထုတ်ချေးဖို့ သဘော တူခဲ့ပါတယ်။

ငွေချေးစာချုပ်အပြင် တခြား သဘောတူညီချက် ကိုးခုကိုလည်း လက်မှတ် ရေးထိုးခဲ့ပြီး မြန်မာကနေ တရုတ်ကို လျှပ်စစ် စွမ်းအင် ရောင်းချ ရေးတွေလည်း ပါဝင်ပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ရေးဟာ မနှစ်က သိသိ သာသာ တက်လာခဲ့ပြီး တရုတ်ဘက်က ထုတ်ပြန် တဲ့ ကိန်းဂဏန်းတွေ အရ နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏဟာ အမေရိကန် ဒေါ်လာသန်း လေးထောင့် လေးရာဖိုး ရှိပါတယ်။

တရုတ်ဟာ မြန်မာ နိုင်ငံထဲက စွမ်းအင် ကဏ္ဍတွေမှာ အများ အပြား ရင်းနှီး မြှတ်နှံထားပြီး မြန်မာ နိုင်ငံကနေ တရုတ် အနောက် တောင်ပိုင်းကို ဆက်သွယ်မဲ့ ဓာတ်ငွေ့ ပိုက်လိုင်းဖောက် လုပ်မှုဟာ ထင်ရှားတဲ့ ရင်းနှီး မြှတ်နှံမှုကြီး ဖြစ်ပါတယ်။