အီဂျစ်က ရာဖာနယ်ခြားဂိတ် ဖွင့်ပေး

  • 28 မေ 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption အခုအချိန်အထိတော့ တရက်ကို လူ ၃၀၀ သွားခွင့်ပြု ထားပါတယ်

အီဂျစ်-ဂါဇာနယ်စပ်မှာရှိတဲ့ ရာဖာနယ်ခြား ဂိတ်မှာ သွားလာမှုတွေကို ကန့်သတ်မှုတွေ ပြုလုပ်ထားရကနေ အခုတော့ အီဂျစ်က လျော့ပေါ့ပေးလိုက်ပြီး ပါလက်စတိုင်း အတော်များများကို လွတ်လပ်စွာ နယ်ခြား ဖြတ်ကျော်ခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။

ပါလက်စတိုင်းလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ ဟားမတ်စ်က ဂါဇာကမ်းမြှောင်ဒေသကို လွန်ခဲ့တဲ့ ၄ နှစ်က ထိန်းချုပ်ခဲ့ပြီး နောက်ပိုင်း အီဂျစ်နဲ့ အစ္စရေးတို့က ရာဖာနယ်ခြားမှာ ပိတ်ဆို့မှုတွေ လုပ်ထားခဲ့တာဖြစ်ပါတယ်။

အခုအချိန်အထိတော့ တရက်ကို လူ ၃၀၀ သွားခွင်းပြုထားပြီး၊ ကုန်သွယ်မှု အတွက်တော့ ဆက်လက်ပိတ်ထားဦးမှာ ဖြစ်ပါတယ်။

အဲဒီနယ်ခြား ဂိတ်ပေါက်ကို ဖြစ်ကျော် သွားခဲ့တဲ့ ဂါဇာဒေသခံတဦးက အခုလို အီဂျစ်နိုင်ငံတဲ့ ပေးသွားတဲ့အတွက် အရမ်းကို ပျော်ရွှင်မိပြီး၊ ဒီအတွက် ကြိုဆိုပါကြောင်း ပြောပါတယ်။

အဲဒီနယ်ခြားမှာရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာကတော့ ရာပေါင်းများစွာသော ပါလက်စတိုင်းတွေဟာ အီဂျစ်ဖက် သွားနေတာကို တွေ့နေရတယ်လို့ဆိုပါတယ်။

ဒါဟာ အီဂျစ်နိုင်ငံမှာ သမ္မတာ မူဘာရတ်ကို ရာထူးကဖြုတ်ချခဲ့ပြီးနောက် အီဂျစ်တို့ရဲ့ မူဝါဒ အပြောင်းအလဲ အဖြစ် တွေ့မြင်ရတယ်လို့ သူကဆိုပါတယ်။