အာဖဂန် အသေခံ ဗုံးခွဲမှု ရဲဗိုလ်ချုပ်သေ

  • 29 မေ 2011
Afghan police general ဓာတ်ပုံ မူပိုင် BBC World Service
Image caption လုပ်ကြံ ခံရတဲ့ အာဖဂန် ရဲဗိုလ်ချုပ်

အာဖဂန် နစ္စတန် မြောက်ပိုင်းက အသေခံ ဗုံးခွဲ တိုက်ခိုက်မှုမှာ ရဲတပ်မှုး ဗိုလ်ချုပ်ကြီး အဆင့်ရှိသူ တယောက်နဲ့ တခြား ပြည်နယ် ရဲအရာရှိ နှစ်ယောက် ဂျာမန် စစ်သား နှစ်ယောက် သေဆုံး ခဲ့ပါတယ်။

ဗုံးသမားဟာ ရဲယူနီဖောင်း ဝတ်ထားပြီး ရဲဘက် အရာရှိတွေ အုပ်ချုပ်ရေးမှုး အိမ်ဝင်းကနေ ထွက်အလာမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ ပြည်နယ် အုပ်ချုပ်ရေးမှုးရော အာဖဂန် မြောက်ပိုင်းက နေတိုး တပ်တွေကို ကြီးကြပ် ကွပ်ကဲနေတဲ့ ဂျာမန် ဗိုလ်ချုပ်ကြီးပါ ဒဏ်ရာ ရသွားခဲ့ပါတယ်။

နောက်ပိုင်းမှာ တာလီဘန်က သူတို့ လက်ချက်လို့ ထုတ်ပြောပါတယ်။

ခု သေဆုံးမှုဟာ တာလီဘန် အတွက်တော့ ဝါဒဖြန့်လို့ ကောင်းသွားတယ်လို့ ဘီဘီစီ သတင်းထောက်က မှတ်ချက် ပေးပါတယ်။