သမ္မတ ဂွတ်လက်ဂျော်နသန် ကျမ်းသစ္စာကျိန်ဆို

  • 29 မေ 2011
ဓာတ်ပုံ မူပိုင် AP
Image caption ဂုဏ်သရေရှိလူကြီးလူကောင်း ထောင်နဲ့ချီ တက်ရောက်ကြရာ လုံခြုံရေး အထူးတင်းကျပ်

နိုင်ဂျီးရီးယား မြို့တော် အဘူဂျာမှာ သမ္မတ ဂွတ်လက် ဂျော်နသန်ဟာ သမ္မတ အဖြစ် ကျမ်းသစ္စာကျိန်ဆိုလိုက်ပြီ ဖြစ်ပါ တယ်။

ဒီကျမ်းကျိန်ပွဲကို အာဖရိကက နိုင်ငံတော် ခေါင်းဆောင်တွေအပါအဝင် ဂုဏ်သရေရှိ လူကြီးလူကောင်းတွေ ထောင်နဲ့ချီ တက် ရောက်ကြပြီး လုံခြုံရေးကို အထူးတင်းကျပ် ထားပါတယ်။

ဒီပွဲမှာ နိုင်ဂျီးရီးယား နိုင်ငံက ခရစ်ယာန် နဲ့ မွတ်ဆလင် အဖွဲ့ အစည်းတွေရဲ့ ခေါင်းဆောင်း တွေက ဦးဆောင်ပြီးလည်း ဆုတောင်းမှု ပြုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့လရွေးကောက်ပွဲအပြီး၊ အကြမ်းဖက်မှု တွေကြောင့် နိုင်ငံတောင်ပိုင်းနဲ့ မြောက်ပိုင်း အကြား ဆက်ဆံရေး အစွန်းအထင်းဖြစ်ခဲ့ကြရတာကို ပြန်ကုစားဖို့အတွက် မစ္စတာ ဂျော်နသန်ဟာ အခက်အခဲတွေရဲ့ ရင်ဆိုင်ကြုံတွေ့ရဖို့ ရှိတယ်လို့ အဘူဂျာမှာရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါပေမယ့် အခုရွေးကောက်ပွဲဟာ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် ကျယ်ကျယ်ပြန့်ပြန့် မြင်တွေ့ခဲ့ကြရပါတယ်။

အရင်သမ္မတ ကွယ်လွန်သွာပြီးကတည်းက သမ္မတ တာဝန်ကို မစ္စတာ ဂျော်နသန် ထမ်းဆောင်လာတာ ၁ နှစ်ကျော်ခဲ့ပြီလည်း ဖြစ်ပါတယ်။