ဗီယက်နမ်က တရုတ်ကို စွပ်စွဲ

  • 30 မေ 2011
south_china_sea ဓာတ်ပုံ မူပိုင် south china sea
Image caption တောင်တရုတ်ပင်လယ်

ဗီယက်နမ် နိုင်ငံက တရုတ်ဟာ နယ်နမိတ် အငြင်းပွားမှု တွေကို ကျယ်ပြန့်လာအောင် လုပ်ပြီး ဒေသတွင်း တင်းမာမှုတွေ ကြီးမား လာအောင် လုပ်နေ တယ်လို့ စွပ်စွဲ လိုက် ပါတယ်။

တောင်တရုတ် ပင်လယ် အတွင်းမှာ ဗီယက်နမ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ ရှာဖွေရေး သင်္ဘော နဲ့ တရုပ် ကင်းလှည့် ရေယာဉ် တွေ အကြား မှာ ထိပ်တိုက် တွေ့ခဲ့ ကြအပြီး မှာပဲ လုပ်ခဲလှတဲ့ သတင်းပတ်ကုန် သတင်းစာ ရှင်းလင်းပွဲမှာ ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီး ဌာနက အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

ဒီ ကင်းလှည့် ရေယာဉ် တွေက ဗီယက်နမ် ရှာဖွေရေး သင်္ဘောက ချထားတဲ့ ကေဘယ်လ် ကြိုးတွေကို ဗီယက်နမ် ရေပိုင်နက် ထဲမှာ တမင်တကာ ဖြတ်တောက် ပစ်ခဲ့တယ်လို့ ဗီယက်နမ် ဘက်က ဆိုပါတယ်။

တရုတ် အာဏာပိုင်တွေ ဘက်ကတော့ သူတို့ ရဲ့ ကာကွယ်ရေး ဝန်ကြီး ဟာ ဒီသတင်းပတ် အတွင်း အာရှ လုံခြုံရေး ဆိုင်ရာ ညီလာခံကို တက်ရောက်မှာ ဖြစ်ပြီး အာရှနဲ့ ပိစိဖိတ် ဒေသတွင်းက နိုင်ငံ တွေ အတွင်း ပူးပေါင်း ဆောင်ရွက် ရေးတွေ တိုးတက် ဖို့နဲ့ ဒေသတွင်း တည်ငြိမ်မှုတွေ တိုးတက် ဖို့ လုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။