ဂျာမနီက ဘက်တီးရီးယား ဥရောပကို ပျံ့

  • 31 မေ 2011
Ecoli ဓာတ်ပုံ မူပိုင် Reuters
Image caption အီကိုလိုင်း ဘက်တီးယီးယား သခွားသီးက စတယ်လို့ပြော

ဂျာမနီနိုင်ငံက ဖြစ်ပွားခဲ့တဲ့ လူကိုသေစေ နိုင်တဲ့ အီကိုလိုင် ဘက်တီးရီးယားဟာ တခြားဥရောပ နိုင်ငံတွေဆီထိ ပျံ့နှံ့နေ ပါတယ်။

ဆွီဒင်က အသက် ၅၀ ကျော်အရွယ် အမျိုးသမီး တစ်ဦးဟာလည်း ဂျာမနီက ဘက်တီးယီးယား ကြောင့် ဆွီဒင်က ဆေးရုံတစ်ခုမှာ သေဆုံးခဲ့ တယ်လို့ ဆွီဒင် ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဂျာမနီမှာလည်း ဒီဘက်တီးယီးယားပိုးကြောင့် အခုဆိုရင် လူ ၁၄ ဦးသေဆုံးပြီး လူရာနဲ့ချီပြီး ဆေးရုံတွေမှာ ကုသခံနေရပါတယ်။

ဒီဘက်တီးယီးယားဟာ ဓါတုပစ္စည်းတွေမပါပဲ စိုက်တဲ့ စပိန်က သခွားသီးတွေဆီက လာတာလို့ ဂျာမနီအရာရှိတွေက အစောပိုင်းက ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ စပိန်ကလာတဲ့ သခွားသီးကြောင့်လို့ အတည်မပြုနိုင်ကြောင်း ပြောပါတယ်။ စပိန်အစိုးရကလည်း စပိန်က သခွားသီးကြောင့် အခုလို ဖြစ်တယ်ဆိုတာကို မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။

စပိန်က အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တင်ပို့သူတွေကလည်း အခုဆိုရင် ဥရောပနိုင်ငံ တွေက သူတို့ရဲ့ အသီးအရွက်တွေ မဝယ်ကြလို့ တော်တော်လေး အကြပ်အတည်း ဆိုက်နေ တယ်လို့ ပြောပါတယ်။ တစ်ရက်လို့ ဒေါ်လာ သန်း ၂၀၀ လောက် ဆုံးရှုံးနစ်နာ နေတယ်လို့ ပြောပါတယ်။

အခုဆိုရင် ရရှား၊ ချက်သမ္မတနိုင်ငံ၊ ပြင်သစ် နဲ့ သြစတြီးယားနိုင်ငံတို့က သံသယရှိတဲ့ သခွားသီးတွေကို မတင်သွင်းကြတော့ပါဘူး။