မိုဘိုင်းဖုန်း သုံးရင် ဦးနှောက် ကင်ဆာ ဖြစ်နိုင်ချေများ

  • 1 ဇွန် 2011
mobile phones ဓာတ်ပုံ မူပိုင် BBC World Service
Image caption မိုဘိုင်းဖုန်းသုံးသူပေါင်း သန်း ငါးထောင်လောက်ရှိ

လက်ကိုင် မိုဘိုင်းလ်ဖုန်း အသုံးပြုတာဟာ ဦးနှောက်ထဲ အကြိတ်ဖြစ်နိုင်ချေ များတယ်လို့ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကို အကြံပေးနေတဲ့ အတိုင်ပင်ခံ အဖွဲ့တဖွဲ့က ပြောပါတယ်။

သိပ္ပံနည်း ဆိုင်ရာ အချက်အလက် အားလုံးတွေ အပေါ် သုံးသပ်ပြီး သုတေသီ တွေက ပြောကြားရာမှာ ဆယ်လူလာဖုန်း အသုံးပြုမှုကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အခုလို နည်းပညာသစ် တွေကြောင့် ဘယ်လို အကျိုး သက်ရောက်မှုတွေ ရှိလာနိုင်သလဲ ဆိုတာ သုတေသနပြုချက်တွေ ထပ်ပြီး လုပ်ဖို့ လိုအပ်တယ်လို့ ပညာရှင် တွေက ပြောပါတယ်။

အခုလောလောဆယ် သုတေသနလုပ်ထားတဲ့ အချက်အလက်တွေက ၂၀၀၄ ခုနှစ်က နောက်ဆုံးရထားတဲ့ အချက်အလက်တွေ ဖြစ်နေတယ်လို့ သိရပါတယ်။ အဲဒီတုန်းက ထက်စာရင် အခုဆို နည်းပညာတွေ ပိုတိုးတက်လာလို့ ဒီနေ့ခေတ်ဖုန်းတွေက အရင်လောက် ရေဒီယိုလှိုင်းတွေ ပိုမထုတ်တော့ဘူးလို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ တဖက်မှာလဲ ဒီနေ့ခေတ်မှာ လူတွေက မိုဘိုင်းဖုန်းတွေကို ပိုပြီး သုံးလာကြတဲ့ အတွက် ရေဒီယို လှိုင်းနဲ့ ထိတွေ့ရတယ်ဆိုရင် ထိတွေ့ချိန်ကလဲ ပိုပြီး ကြာကြာရှိနေနိုင်တာ ဖြစ်ပါတယ်။

အရင်တုန်းကတော့ ဆယ်လူလာဖုန်း အသုံးပြုမှုနဲ့ ကင်ဆာရောဂါ ဖြစ်ပွားချက် ဘယ်လိုမှ အဆက်အစပ် ရှိတဲ့ အထောက်အထား မတွေ့ရဘူးလို့ ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ဆိုခဲ့တာ ဖြစ်ပါတယ်။