၁၃ နှစ်သားလေး သေဆုံးမှု ဆီးရီးယား အစိုးရက ဖော်ထုတ်တော့မယ်လို့ ဆို

  • 1 ဇွန် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ဆီးရီးယား သမ္မတ ဘတ်ရှား အယ် အာဆက်ဒ်

ဆီးရီးယားမှာ သမ္မတ Bashar al-Assad ကို ဆန့်ကျင် ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေရာမှာ ၁၃နှစ်သားလေး သေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးတာတွေ အပြည့်အဝ လုပ်ဆောင်သွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

၁၃နှစ်သားလေး Hamza al-Khatib ဟာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဖမ်းဆီး နှိမ်စက်မှုကြောင့် သေဆုံးသွားရတာ ဖြစ်တယ်လို့ အတိုက်အခံတွေက ဆိုပါတယ်။

အာဏာပိုင်တွေ ဖက်ကတော့ ဆန္ဒပြမှုတွေကို ပစ်ခတ်နှိမ်နင်းရင်း ဒီလူငယ်လေး သေဆုံး သွားရတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒီလူငယ်လေးရဲ့ ရုပ်အလောင်း ဓါတ်ပုံတွေ အင်တာနက် စာမျက်နှာမှာ ပြန့်နှံ့သွားခဲ့ ပြီးတဲ့နောက် နိုင်ငံတကာက ဖိအားပေးမှုတွေကြောင့် အစိုးရက စုံစမ်း စစ်ဆေးမယ်လို့ ပြောကြားချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။