ဘာရိန်းမှာ ဆန္ဒပြဖို့ လှုံ့ဆော်

  • 2 ဇွန် 2011
Bahrain ဓာတ်ပုံ မူပိုင် bbc
Image caption ဘာရိန်းမှာ ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ပုံ

ဘာရိန်းနိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာထားချက်ကို ဗုဒ္ဓဟူးနေ့ အစောပိုင်းတုန်း က ရုတ်သိမ်းပြီးတဲ့နောက်မှာ ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြ လှုပ်ရှားမှုတွေ လုပ်ဆောင် သွားမယ် လို့ ဒီမိုကရေစီ အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

သူတို့ဟာ ဓါတ်ပုံတွေ ဗွီဒီယိုတွေကို အင်တာနက် ပေါ်ကနေ တဆင့် ဖြန့်ပြီး မနားမား မြို့ပြင်ဖက်က ရွာတချို့မှာ ဆန္ဒပြမှုတွေ လုပ်ဆောင်ကြဖို့ ဆော်သြထားပါတယ်။

ဒါတွေဟာ အစစ်အမှန် ဟုတ်မဟုတ် ဆိုတာ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိပါဘူး။

မနားမားမြို့မှာ ချထားတဲ့ တင့်ကားတွေ လုံခြုံရေး စစ်သားတွေကို ရုတ်သိမ်း သွားပြီ ဖြစ်ပေမယ့် လုံခြုံရေး အစီအမံတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပြီး ဆန္ဒပြပွဲကြီးတွေ မလုပ် နိုင်အောင် ထိန်းသိမ်းဖို့ ရည်ရွယ်တာလို့ သိရပါတယ်။

ဖေဖော်ဝါရီလ ကတည်းက စတင်ခဲ့တဲ့ ဒီမိုကရေစီ အရေး ဆန္ဒပြမှုတွေကို အစိုးရက နှိမ်နင်း ခဲ့တာကြောင့် လူနှစ်ဆယ်ကျော် သေဆုံးခဲ့ရပါတယ်။