တရုတ် စစ်အင်အား တိုးမှု အမေရိကန် ဆွေးနွေးလို

  • 2 ဇွန် 2011
China-US ဓာတ်ပုံ မူပိုင် china navy
Image caption တရုတ်က ခေတ်မီ လက်နက် တိုးချဲ့ တပ်ဆင် လာတာကို အမေရိကန်က စောင့်ကြည့်နေ

အမေ ရိကန် ပြည်ထောင်စု ဟာ တရုတ် နိုင်ငံရဲ့ စစ်အင်အား ချဲ့ထွင်မှု ကို တားဆီးဖို့ ကြိုးစား နေတာ မဟုတ်ဘဲ နှစ်ဖက်ကြား ပိုပြီး ထိရောက်တဲ့ ဆွေးနွေး မှုတွေ ဖြစ်ပေါ် လာဖို့ သာ လိုလား တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ် က ပြောကြား လိုက် ပါတယ်။

တရုတ် နိုင်ငံက သင်္ဘောဖျက် ဒုံးလက်နက် တွေနဲ့ ထောက်လှမ်း လို့ မလွယ်ကူတဲ့ (stealth) တိုက် လေယာဉ် တွေ အပါ အဝင် လက်နက် ထုတ်လုပ် နေတာကို အမေရိကန် ဘက်က စိုးရိမ်မှု ရှိနေကြောင်း သူက ပြောပါတယ်။

ဒါပေမယ့်လဲ တရုတ် နိုင်ငံဟာ အမေရိကန် နဲ့ နေရာ တိုင်းမှာ လက်နက် ယှဉ်ပြိုင် ဖို့ထက် အာရှ ဒေသ မှာ သြဇာ လွှမ်းမိုးမှု ပိုရှိ လာအောင် ကြိုးစား တာသာ ဖြစ်တယ်လို့ စင်္ကာပူ နိုင်ငံမှာ ကျင်းပမယ့် ဒေသတွင်း လုံခြုံရေး ဆိုင်ရာ ညီလာခံ မတိုင်ခင် မစ္စတာ ဂိတ်က ပြောကြား လိုက်တာပါ။

တောင်တရုတ် ပင်လယ် မှာ တင်းမာ မှုတွေ တိုးလာ နေတာ ကို အမေရိကန် အရာရှိ တွေက စိုးရိမ်ကြောင်း ဖော်ပြခဲ့ ကြပြီး၊ ဗီယက်နမ် နဲ့ တရုတ် နိုင်ငံ တွေကလည်း ဒီဒေသ အတွင်းမှာ တရုတ်က ပိုပြီး လှုပ်ရှား လာတယ် လို့ စွပ်စွဲ ထား ပါတယ်။