Google အီးမေးလ် ကို ထိုးဖောက် တိုက်ခိုက်

  • 2 ဇွန် 2011
Google
Image caption တရုတ်နိုင်ငံမှာ အသုံးပြုတဲ့ Google

ဂူဂယ် အီးမေးလ် တွေကို ကွန်ပြူတာ ကျွမ်းကျင်သူ ဟက်ကာတွေက ဝင်ရောက် ချိုးဖောက်ပြီး အချက်အလက်တွေ အီးမေးလ်ထဲကို ဝင်ရောက်တဲ့ လျှို့ဝှက် စကားလုံး ပါ့စ် ဝါ့ဒ်တွေကို ခိုးယူခဲ့ပါတယ်။

hackers ဟက်ကာတွေဟာ အမေရိကန် ပြည်ထောင်စုက ထိပ်တန်း အရာရှိတွေ ၊ သတင်းထောက်နဲ့ တရုတ်က နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို အဓိက ပစ်မှတ်ထားခဲ့တယ် လို့ ဂူဂယ် ကုမ္မဏီကြီးက ပြောပါတယ်။

တရုတ်နိုင်ငံ အလယ်ပိုင်းက လာတယ်လို့ ယူဆရတဲ့ ဒီလို ဟက်ခ် လုပ်မှုတွေက အင်တာနက် သုံးသူရဲ့ တွေကို ရယူဖို့ ကြိုးစားခဲ့ပြီး ထောင်သောင်းချီတဲ့ အီးမေးလ် သုံးသူတွေကို လေ့လာ စောင့်ကြည့်ခဲ့တယ်လို့ ဂူဂယ် ကုမ္ပဏီက ဆိုပါတယ်။

ဒီလို ချိုးဖောက် တိုက်ခိုက်မှုတွေကို ဂူဂယ် ကုမ္ပဏီက နှိမ်နင်း နိုင်ခဲ့ပြီး ထိုးဖောက်ခံရသူ အီးမေးလ် ပိုင်ရှင် တွေကိုလည်း သတိပေး အကြောင်းကြားခဲ့ပြီး ဖြစ