အမေရိကန် အလုပ်လက်မဲ့ မြင့်တက်

  • 4 ဇွန် 2011
US payroll
Image caption အမေရိကန် အလုပ်သမား စျေးကွက် စိုးရိမ် နေရ

အမေရိကန် အလုပ်သမား ဝန်ကြီးဌာနက မနေ့က နောက်ဆုံး ထုတ်ပြန်တဲ့ ကိန်း ဂဏန်း တွေအရ အလုပ်လက်မဲ့ ဦးရေ ဟာ ပြီးခဲ့တဲ့လက မြင့်တက် လာတာ ကို ပြနေ ပါတယ်။

ပြီးခဲ့တဲ့လ က အလုပ်လက်မဲ့ ဦးရေဟာ အလုပ် လုပ်နိုင်သူ ဦးရေရဲ့ ကိုး ဒဿမ တစ် ရာခိုင်နှုန်း ရှိပါတယ်။

အလုပ်လက်မဲ့ ဦးရေ တက်လာရုံမက အလုပ် အကိုင်သစ် ဖန်တီးနိုင်အားလည်း မှန်းသလောက် တက် မလာတာကို တွေ့ခဲ့ ရပြီး သူ့အရင် တလထက် အများကြီး ကျဆင်း သွားတာ တွေ့ရ ပါတယ်။

ပြီးခဲ့တဲ့ လက အလုပ် အကိုင်သစ် တသိန်း ခြောက်သောင်းကျော် ဖန်တီး နိုင်မယ်လို့ မျှော်လင့် ခဲ့ပေမယ့် ငါးသောင်းကျော် သာ ဖန်တီး နိုင်တာမို့ စီးပွားရေး နလံထမှု တန့် နေပြီ ဆိုတဲ့ စိုးရိမ်မှု တွေ ထွက်လာ ခဲ့ ပါတယ်။

အလုပ်သမား စျေးကွက်က နောက်ဆုံး ကိန်းဂဏန်းတွေကို ကြည့်ပြီး တချို့က စီးပွားရေး လုပ်ငန်း ကိုင်ငန်းတွေ ပြန်ပြီး သက်ဝင် လှုပ်ရှားလာစေမယ့် အစီ အမံသစ် တွေ ထပ်လုပ် သင့်တယ်လို့ ပြောနေပေမယ့် ရီပတ်ဗလစ်ကန် တွေ ကတော့ အစိုးရက ဝင်စွက်မဲ့ အစီ အမံတွေကို လက်မခံဘူး လို့ ပြောနေပါတယ်။

စွမ်းအင် စျေးတွေ မြင့်တက်လာတာ နဲ့ ဂျပန် ငလျင်ကြောင့် မော်တော်ကား ထုတ်လုပ်မှု ကျဆင်း လာတာ တွေကြာင့် ခုလို အလုပ်သမား စျေးကွက်ပေါ် ဆိုးကျိုး သက်ရောက် တာ ဖြစ်ဖွယ် ရှိတယ် လို့ ဘီဘီစီ စီးပွားရေး သတင်းထောက် က သတင်းပေးပို့ ထားပါတယ်။