အန်တီမက်တာ တွေ့ရှိရေး နီးစပ်လာပြီ

  • 6 ဇွန် 2011
antimatter
Image caption အန်တီမက်တာ

နျူကလီယား သိပ္ပံ ပညာရှင် တွေက စကြာဝဠာ ရဲ့ အစ လို့ ဆိုကြတဲ့ မဟာ ပေါက်ကွဲမှု သီအိုရီ မှာအရေးပါ လှတဲ့ အရာ တခု ဖြစ်တဲ့ အန်တီ မက်တာ ကို ရှာဖွေ တွေ့ရှိ ရေး အတွက် ကြိုးပမ်း မှုမှာ ခြေ တလှမ်း နီးလာပြီ ဖြစ်တယ် လို့ဆို ပါတယ်။

ဆွဇ်ဇာလန်နဲ့ ပြင်သစ် နယ်ခြားက မြေအောက် ဓါတ်ခွဲခန်း ဖြစ်တဲ့ ဆန်း CERN မှာရှိတဲ့ ဒြပ်မှုန် လေ့လာရေး ဌာနက ပညာရှင် အဖွဲ့တွေက သူတို့ တွေ ဟာ အန်တီ ဟိုက်ဒရိုဂျင် အက်တမ် တွေကို ၁၆ မိနစ် ကြာ ဖန်တီး နိုင်ခဲ့ပြီ လို့ ဆိုလိုက် ပါတယ်။ ဒါဟာ အရင် ကထက် အဆပေါင်း ၅ ထောင် လောက် ပိုကြာ တယ်လို့ ဆိုပါတယ်။

ဒီ အောင်မြင် မှုကြောင့် အရေးကြီးတဲ့ စမ်းသတ်မှု တွေကို ပထမဆုံး အကြိမ် အဖြစ် စလုပ်နိုင်တော့မှာ ဖြစ်တယ်လို့ လဲ ဆိုပါတယ်။