ဂိုလန်ပစ်ခတ်မှုကို အစ္စရေးကာကွယ်

  • 6 ဇွန် 2011
golan ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဂိုလန်က ဆန္ဒပြနေသူများ

ဆီးရီးယားနိုင်ငံ အတွင်းကနေ အစ္စရေး သိမ်းပိုက်ထားတဲ့ ဂိုလန် ကုန်းမြင့် ဒေသ ထဲကို ဝင်ရောက် ဖို့ ကြိုးစားခဲ့ ကြတဲ့ ပါလက်စတိုင်း ဆန္ဒပြသူတွေကို အစ္စရေး တပ်ဖွဲ့တွေက ပစ်ခတ် ခဲ့တာ နဲ့ ပတ်သက် ပြီး အစ္စရေး က ကာကွယ် ပြောကြား လိုက်ပါတယ်။

ဒမတ်စကတ်စက အစ္စရေး ဘက်က ပစ်ခတ် ခဲ့လို့ လက်နက် မဲ့ လူပေါင်း ၂၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုပေမယ့် အစ္စရေး စစ်တပ် ဘက်ကတော့ သူတို့ ဘက်က ထိုက်သင့် သလို တုန့်ပြန် ခဲ့တာ ဖြစ်ပြီး ဒါဟာ အစ္စရေးရဲ့ ပိုင်နက် နယ်နမိတ်ကို လာထိဖို့ ကြိုးစားမဲ့ ဘယ်သူကို မဆို သတိပေး လိုက်တာပဲ ဖြစ်တယ်လို့ လဲ ဆိုပါတယ်။

ဒီ ဂိုလန်ကုန်းမြင့် သိမ်းပိုက်ခံခဲ့ရတဲ့ ၁၉၆၇ ခုနှစ် က ၆ ရက် စစ်ပွဲ ရဲ့ အစအထိမ်း အမှတ် အဖြစ် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြပွဲကို မဂျ်ဒါးလ် ရှမ်း မြို့အနား မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီ မြို့က မြို့ခံ တဦး ဖြစ်တဲ့ အယု ဆာမိ ကတော့ အခုလို အဲဒီ ဒေသမှာ ၄၃ နှစ်ကြာ သိမ်းပိုက် ခံထား ခဲ့ရ တာကို တကမ္ဘာလုံးက သိဖို့ လိုအပ် နေတဲ့ အကြောင်းနဲ့ လွန်ခဲ့တဲ့ မေ ၁၅ တုန်းက အဖြစ် အပျက်တွေ ကို ကြည့်ရင်လဲ သူတို့ ရဲ့ ရင်ထဲက ဒဏ်ရာနဲ့ ခံစားမှု တွေကို နားလည်နိုင်မဲ့ အကြောင်းနဲ့ အောင်မြင်မှုကို မျှော်လင့် ထားသလို ဒုက္ခသည် ညီရင်း အစ်ကို တွေဟာလဲ ဆီးရီးယား ထဲ ပြန်လာ နိုင်ကြ တာကို မြင်လိုကြောင်း တွေကို ပြောပြ သွားပါတယ်။

ဝါရှင်တန်က အမေရိကန် နိုင်ငံခြားရေး ဌာန ကတော့ ဒီလို အသက် ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာနဲ့ ပတ်သက်လို့ ဝမ်းနည်း ကြေကွဲ မိတယ်လို့ ဆိုလိုက်ပါတယ်။