ဂျပန် ဓါတ်ရောင်ခြည် မူလမှန်းထားတာထက် နှစ်ဆဆိုးဝါး

  • 7 ဇွန် 2011
Japan Nuclear ဓာတ်ပုံ မူပိုင် AP
Image caption ဂျပန် နျူးကလီးယား ဓါတ်ရောင်ခြည် အန္တရာယ်

ငလျင်နဲ့ ဆူနာမီ ဒဏ်ကြောင့် အကြပ်အတည်း ဆိုက်ခဲ့ရတဲ့ ဖူကူရှီးမား နျူကလီးယား စက်ရုံ က နေ အဲဒီ စဖြစ်တဲ့ နေ့ က တပတ် အတွင်းမှာပဲ ထွက်ခဲ့တဲ့ အဏုမြူရောင်ခြည် က အရင်မှန်း ဆ ထားတာ ထက် ၂ ဆ ပိုတယ် လို့ ဂျပန်ရဲ့ နျူကလီးယား အေဂျင်စီ ကပြောပါတယ်။

ဓာတ်ပေါင်းဖို အတွင်း က နျူကလီးယား လောင်စာခေျာင်း တွေ ပျော်ကျခဲ့တဲ့ အချိန် က အရင် ယုံကြည် မှတ်ယူ ခဲ့ကြတဲ့ အချိန် ထက် ပိုမြန်ခဲ့တယ် လို့ လည်း သူတို့ က ဆိုပါတယ်။

ချာနိုလ်ဘိုင်းမှာ ဖြစ်ခဲ့တုန်း က ထွက်ခဲ့တဲ့ ဓာတ်ရောင်ခြည် စိမ့်ထွက်မှု ထက်စာရင် အခု ဟာ က ၁၅ ရာခိုင်နှုန်း လောက်ပဲ ရှိပေမယ့် စက်ရုံ ဝန်းကျင် မှာ အရင် မှန်းထားတဲ့ ဓာတ်ရောင်ခြည်သင့် မှု ထက် ဆိုးတဲ့ သက်ရောက်မှု ရှိ မယ် ဆိုတာ သေချာပါတယ်။

ဖူကူရှီးမား စက်ရုံရဲ့ ကီလိုမီတာ ၂၀ ပတ်လည် မှာ နေထိုင်ကြတဲ့ ဒေသခံ လူ ၈ သောင်း ကို နေရာ ရွှေ့ပြောင်းခဲ့ပြီး ဖြစ်ပါတယ်။

လူတွေကိုယ့်ဘာသာ ကိုယ် ကိုယ့်ဆန္ဒ နဲ့ ရွှေ့ချင်ရွှေ့နိုင် တယ် လို့ အစိုးရ က သတ်မှတ်ပေး တဲ့ ဧရိယာ ကတော့ စက်ရုံ ပတ်ပတ် လည် က ကီလိုမီတာ ၂၀ က နေ ၃၀ မီတာ ကြား ဧရိယာ ဖြစ်ပါတယ်။

အခုတော့ လူတွေ ထပ်ရွှေ့ ရနိုင်ဖွယ်ရှိ တယ် လို့ ဂျပန် အစိုးရဝန်ကြီး အဖွဲ့ ဆိုင်ရာ အတွင်းရေးမှူး ချုပ် ဖြစ်တဲ့ ယူကီကို အီဒါနို က ပြောပါတယ်။

ဒီပြဿနာ ဖြစ်နေတဲ့ နျူကလီးယား စက်ရုံပိတ်နိုင်ဖို့ က လာမယ့် ဇန်နဝါရီ အတွင်းလို့ မှန်းထားတဲ့ ကိစ္စ ကလည်း အခုဆို အချိန်ရွှေ့ ရမလို ဖြစ်နေပြီ လို့ လည်း ပြောနေ ကြပါတယ်။

နျူကလီးယား ဓာတ်ပေါင်းဖို အကြပ် အတည်း ဆိုက် ခဲ့ ရပြီး ၃ လ နီးပါး အကြာမှာ ထွက် လာတဲ့ အခု အစီရင်ခံစာ ကို လွတ်လပ်တဲ့ ကျွမ်းကျင်ပညာရှင် တွေ နဲ့ ဖွဲ့စည်းထားတဲ့ ဘုတ်အဖွဲ့ ကို တင်ပြရမှာ ပါ။

အရင်တုန်း ကတော့ ကုလသမဂ္ဂ အဏုမြူ အေဂျင်စီ အိုင်အေအီးအေ က ဖူကူရှီးမာ နျူကလီးယား စက်ရုံ အနေနဲ့ ဆူနာမီကြောင့် ပင်လယ်ရေလှိုင်း တွေတက်လာရင် တားဖို့ အကာ အရံတွေ လုပ်တဲ့နေရာ မှာ နိမ့်တယ် ဆိုတဲ့ တချက်နဲ့ နျူကလီးယား ဓာတ်ပေါင်း ဖို အေးသွားအောင် လုပ်ရာမှာ သုံးတဲ့ စနစ် အတွက် အရံ အဆင်သင့် ထားသင့်တယ် ဆိုတာ ဝေဘန် ခဲ့ပါတယ်။

ဒါ့ပြင် ဂျပန်ရဲ့ နျူကလီးယား လုံခြုမှု အေဂျင်စီ ယာ သီးခြားလွတ်လပ်တဲ့ ဌာန တခု ဖြစ်သင့်ပြီး အခု ကတော့ နျုကလီးယား စွမ်းအင် ထုတ်မယ့် ဝန်ကြီးဌာန ရဲ့ အောက်မှာ ပဲ ဖြစ်နေတယ် လို့ အကြံပေး ခဲ့ပါတယ်။

အခု ဂျပန်နျူကလီးယား အစီရင်ခံစာ အထွက် က နှောင့်နှေးလိုက်တာ ဆိုတဲ့ ဝေဘန်မှု တွေ လည်း ထွက်ပေါ်နေပြီး နောက် ပိုအသေးစိတ် သိကြရတဲ့ အခါမှာ တော့ နောက်ထပ်ဝေဘန်မှု တွေလည်း လာနိုင်ပါတယ်။