ဆီးရီးယား တပ်တွင်း ပုန်ကန်မှု

  • 7 ဇွန် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဆီးရီးယား စစ်တပ် အတွင်း ဘက်ပြောင်း မှုတွေဖြစ်

ဆီးရီးယား နိုင်ငံ အနောက်မြောက်ပိုင်းက Jisr Al-Shugurမြို့မှာ တိုက်ပွဲ ဖြစ်ပွားရာမှာ လုံခြုံရေး တပ်ဖွဲ့ဝင် အနည်းဆုံး ၁၂ဝလောက် သေဆုံးသွားတယ် လို့ အစိုးရ ရုပ်မြင်သံကြားက ကြေညာခဲ့ပါတယ်။

အစိုးရဖက်က အဆိုအရ ရာထောင်ချီတဲ့ သေနတ်သမား တွေက အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြတာ ဖြစ်ပြီး အဲဒီမြို့က လုံခြုံရေး တပ်ဖွဲ့ရဲ့ ဌာနချုပ်တွေကို ဝင်ရောက် စီးနင်းခံရစဉ် လူ၈ဝ သေဆုံးခဲ့ရတယ်လို့ ပြောပါတယ်။

အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသမားတွေရဲ့ အင်တာနက် စာမျက်နှာမှာတော့ ဆန္ဒပြမှုတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း ရှိခဲ့တယ်လို့ အခိုင်အမာ ဖော်ပြထား ပါတယ်။

တချို့ကတော့ Jisr Al-Shugur မြို့က လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ဌာနချုပ် စခန်းတွေမှာ တပ်တွင်း ပုန်ကန်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပြီး ဆီးရီးယား စစ်တပ် အတွင်း ဘက်ပြောင်းလာမှုတွေ ရှိခဲ့တယ်လို့ တချို့က ပြောပါတယ်။

အဲဒီမြို့ကနေ သီးခြား လွတ်လပ်တဲ့ အတည်ပြုချက်တွေတော့ မရသေးပါဘူး