ဆီး​ရီး​ယား​အတွက် လုံခြုံ​ရေးကောင်စီ

  • 8 ဇွန် 2011

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကနေ ဆီးရီးနိုင်ငံအတွက် ဆုံးဖြတ်ချက်ရဖို့ ဗြိတိန်နဲ့ ပြင်သစ်တို့ ဆက်ကြိုးစား သွားမယ်လို့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောလိုက်ပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အစိုးရဖိနှိပ်မှုကြောင့် တူရကီဘက် ပြေးဝင်လာနေတဲ့ ဆီးရီးယား ပြည်သူတွေ

ဆီးရီးယား ပြည်သူတွေ ထောင်ပေါင်းများစွာ သေခဲ့ကြတယ်၊ ထောင်သောင်းချီပြီး အဖမ်းခံရတယ်၊ အကြမ်းဖက်ခံရတယ်၊ ဒါတွေကို ခိုင်လုံတဲ့ သတင်းတွေအရ သိရတယ်။ ဒီတော့ ဗြိတိန်အနေနဲ့ ငြိမ်ငြိမ် နေမနေနိုင်ဘူးလို့ ဗြိတိသျှ ဝန်ကြီးချုပ်က ပြောပါတယ်။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကိုတော့ ကန့်ကွက်မယ့်သူတွေ၊ ဗီတိုအာဏာနဲ့ ပယ်ချမယ့် သူတွေကတော့ ရှိနေမှာပဲ၊ ဒါကလည်း အဲဒီနိုင်ငံတွေရဲ့ အမှန်တရား အပေါ် ရှုမြင်ပုံနဲ့ ဆိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

ရုရှကတော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်မယ်လို့ ဆိုခဲ့ပါတယ်။