လစ်ဗျားက အဓမ္မ ပြုကျင့်မှုတွေကို စုံစမ်း ဖော်ထုတ်တော့မယ်

  • 9 ဇွန် 2011
ဓာတ်ပုံ မူပိုင် BBC World Service
Image caption ဘီဘီစီ သတင်းထောက်ကို နှုတ်ဆက် နေတဲ့ Colonel Gaddafi

လစ်ဗျားခေါင်းဆောင် Colonel Gaddafi ရဲ့ တပ်ဖွဲ့ဝင်တွေက အမျိုးသမီးတွေကို အဓမ္မ ပြုကျင့်တယ် ဆိုတဲ့ သတင်းတွေ အပေါ် စုံစမ်းစစ်ဆေး နေတယ်လို့ နိုင်ငံတကာ ရာဇဝတ်မှု ဆိုင်ရာ တရားရုံးက တရားလိုရှေ့နေ အကြီးအကဲ Luis Moreno-Ocampo က ပြောပါတယ်။

မစ္စတာ မရီညိုအိုကမ်ပိုက ကုလသမဂ္ဂမှာ ပြောကြားရာမှာ ဒီလို လိင်ပိုင်းဆိုင်ရာ မတော်မတရားမှုတွေကို ကျူးလွန်ဖို့ တပ်ဖွဲ့ဝင်တွေရဲ့ အကြီးအကဲက ညွှန်ကြား ခဲ့တာလား ၊ ဒါမှမဟုတ် အောက်ခြေ တပ်ဖွဲ့ဝင်တွေ ကိုယ်တိုင်က စော်ကား ကျူးလွန်တာလား ဆိုတာကို ဖော်ထုတ်မယ်လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး ကဒါဖီ အနေနဲ့ အဓမ္မ ပြုကျင့်မှုကို လက်နက်သဖွယ် အသုံးချခဲ့တာ ဖြစ်နိုင်ကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် အစိုးရ တပ်ဖွဲ့ဝင်တွေကို လိင်ပိုင်းဆိုင်ရာ စိတ်ကြွတဲ့ ဗိုင်ဂရာလို ဆေးဝါးတွေ ထောက်ပံ့ ပေးအပ်တဲ့ အထောက်အထား တွေကို စုံစမ်း လေ့လာ နေတယ်လို့လည်း မစ္စတာ အိုကမ်ပိုက ဆိုပါတယ်။