နေတိုး စွမ်းရည်မကျအောင် အသုံးစရိတ် တိုးသင့်

  • 10 ဇွန် 2011

အမေရိကန် ကာကွယ်ရေး ဝန်ကြီး ရောဘတ် ဂိတ်စ်က ဥရောပ မဟာမိတ် နိုင်ငံများရဲ့ စစ်ရေး အသုံး စရိတ် မတိုးမြှင့်ဘူး ဆိုရင် နေတိုး အဖွဲ့ဟာ စစ်ရေး စွမ်းရည် ကျတဲ့ အဖွဲ့ဖြစ်လာ နိုင်တဲ့ အန္တရာယ် ရှိတယ်လို့ ပြောပါတယ်။

ဓာတ်ပုံ မူပိုင် BBC World Service
Image caption အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ပြတ်ပြတ် သားသား သတိပေးခဲ့

ဒီလကုန် အငြိမ်းစား မယူခင် ပြောခဲ့တဲ့ သူ့ရဲ့ ပြတ်သားတဲ့ မိန့်ခွန်းထဲမှာ မစ္စတာ ဂိတ်က အာဖဂန်နစ္စတန်နဲ့ လစ်ဗျားက နေတိုး ဦးဆောင်တဲ့ စစ်ဆင်ရေး တွေမှာ တချို့ မဟာမိတ်တွေ အနေနဲ့ စစ်ရေး စွမ်းဆောင်ရည် သိသိသာသာ ကျဆင်းနေတာ အပြင် နိုင်ငံရေး စိတ်ဆန္ဒ မရှိတာကိုလည်း တွေ့မြင်နေရတယ်လို့ ပြောခဲ့ပါတယ်။

ဥရောပက စစ်အသုံး စရိတ် ဖြတ်တောက်မှု တွေကြောင့် ပိုတိုးလာတဲ့ လုံခြုံရေး ဝန်ထုပ် ဝန်ပိုးကို အမေရိကန် အခွန်ထမ်း ပြည်သူတွေ အပေါ် အချိန် အကန့်အသတ်မရှိ ထားရှိ နိုင်မယ်လို့ မယူဆ သင့်ကြောင်းလည်း သူက ပြောပါတယ်။