IMF အကြီးအကဲလောင်းတွေ

  • 10 ဇွန် 2011
Christine Largarde ဓာတ်ပုံ မူပိုင် Reuters
Image caption Ms Christine Largarde အိုင်အမ်အက်ဖ အကြီး အကဲ ရာထူးဝင်ပြိုင်မယ်

IMF နိုင်ငံတကာ ငွေကြေး ရံပုံငွေ အဖွဲ့ ရဲ့ ဒါရိုက်တာ လုပ်ခဲ့တဲ့ မစ္စတာ ဒိုမင်နစ် စထရိုက်ခမ်း ရာဇဝတ်မှု နဲ့ တရားစွဲခံရပြီး ရာထူးကနေ နှုတ်ထွက် ခဲ့ပြီးတဲ့နောက် အသစ် အဖြစ် ရွေးချယ် ဖို့ အမည် တင်သွင်းထား သူ အခု ၃ ဦး ရှိလာပါပြီ။

သူတို့ ၃ ဦးကတော့ ပြင်သစ် က ဘဏ္ဍာရေး ဆိုင်ရာ ဝန်ကြီး Christine Largarde နဲ့ ဆိုင်ရာ နိုင်ငံတွေမှာ ဗဟိုဘဏ် ဥက္ကဌ တွေ ဖြစ်ကြတဲ့ Mexico က Augstin Carstens ၊ ကာဇက် စတန် က Grigory Marchenko တို့ပဲဖြစ်ပါတယ်။

ရှေ့က အိုင်အမ်အက်ဖ ဒါရိုက်တာ ၄ ဦးက ပြင်သစ် လူမျိုး တွေဖြစ် ကြသလို မစ္စ Christine Largarde က လည်း ပြင်သစ် လူမျိုးပါ။

သူ့ရဲ့ နိုင်ငံရေး ဆိုင်ရာ သံတမန် ရေးဆိုင်ရာ အလုပ်ရာဇဝင် တွေ ကလည်း ကောင်းမွန်တယ် လို့ လူတွေက အသိအမှတ်ပြု ကြပါတယ်။

ရှေ့နေ ဟောင်း တဦးဖြစ်တဲ့ သူဟာ ဆွဲဆောင် စည်းရုံး ပြောဆိုနိုင်စွမ်း ရှိသူမို့ အခုလို အလုပ် တာဝန်နဲ့ လိုက်ဖက်မယ် လို့ လည်း သူ့ ကိုထောက်ခံသူတွေ က ဆို ပါတယ်။

အိုင်အမ်အက်ဖ မှာ အခု အကြီးဆုံး ပြဿနာကြီး ဖြစ်တဲ့ ယူရို ငွေကြေး အကြပ်အတည်း ကိစ္စ ကို သူ ကောင်းကောင်း နားလည် တယ်လို့ လည်း တွက်ဆ ကြပါတယ်။

ဒီလို ကမ္ဘာသုံးငွေကြေး တခု ရဲ့ ပြဿနာ ကို မရှင်းနိုင်တဲ့ သူမျိုး ကို အိုင်အမ်အက်ဖ အနေနဲ့ သူတို့ အကြီး အကဲ အဖြစ် ခန့်ဖို့ တွန့်ဆုတ် ကြမှာ ကလည်း မှန်းဆ လို့ ရနိုင် ပါတယ်။

မစ္စ Christine Largarde မှာ စီးပွားရေးဆိုင်ရာ ကျွမ်းကျင်မှု နည်းပါးပေမယ့်လည်း အိုင်အမ် အက်ဖ အဖွဲ့ဝင် ၁၈၇ နိုင်ငံ က အဲဒီ အတွက် အကြံပေးဖို့ရာ လူရှာရ လွယ်တယ် လို့ လည်း ဆိုကြ ပါတယ်။

ကာဇက် စတန် က ဗဟိုဘဏ် ဥက္ကဌ Grigory Marchenko အနေနဲ့ လေးစားစရာ အရည် အသွေး တွေ အများအပြား ရှိပေမယ့် သူက နိုင်ငံတကာ မှာ ထင်ပေါ်တဲ့ လူတဦး တော့ မဟုတ်ပါဘူး။

နောက်တဦးဖြစ်တဲ့ Mexico က Augstin Carstens ကတော့ လုပ်ငန်းဆိုင်ရာ အရည် အသွေး တွေ အများကြီး ရှိသူပါ။

စျေးကွက်စီးပွားရေးစနစ် စတင်ပေါက်ဖွားရာ ချီကာကို တက္ကသိုလ် က ကျောင်းဆင်း လာသူ ပါ။

တချို့ အတွက် လည်း ဒီကိစ္စ နဲ့ ပတ်သက်ပြီး သူဟာ အဲဒီ အမြင်တွေကို ပဲ တင်းတင်း ကြပ်ကြပ်ကြီး ကိုင်ထား လိမ့်မယ် လို့ တွေးပူ ကြပါတယ်။

သူ့ကို ချင့်ချိန်ပြီး လုပ်ကိုင် နိုင်သူလို့ မြင်ကြတဲ့ သူတွေ ကလည်း ရှိပါတယ်။

အဲဒီတော့ သူတို့ ၃ ဦးထဲ ဘယ်သူ ဖြစ်လာမလဲ၊ ပြင်သစ်သူ ဖြစ်လာမယ် ဆိုရင်လည်း သူ ဟာ အိုင်အမ်အက်ဖ ရဲ့ ပထမဆုံးသော အမျိုးသမီး ဒါရိုက်တာ ဖြစ်လာမှာ ဖြစ်သလို မက်ဆီကို နဲ့ ကာဇက်စတန် က ပုဂ္ဂိုလ် တွေ ထဲက ဖြစ်လာရင်လည်း ပထမ ဦးဆုံး ဥရောပ သား မဟုတ်တဲ့ သူ က အိုင်အမ်အက်ဖ ဒါရိုက်တာ ရာထူး ကို ထမ်းဆောင်မယ့် သူ ဖြစ်လာ မှာပါ။