တရုတ်ပြည်မှာ မြင်းပွဲတွေ လာတော့မယ်

  • 12 ဇွန် 2011
horse_race ဓာတ်ပုံ မူပိုင် PA
Image caption တရုတ်နိုင်ငံမှာလဲ ဒီလိုမြင်းပြိုင်ပွဲတွေ လာတော့မယ်

တရုတ်နိုင်ငံမှာ အရင်က အရင်းရှင် ဆန်ပြီး အကျင့်စာရိတ္တ ပျက်ပြား စေတယ် ဆိုပြီး ပိတ်ပင် ထားခဲ့တဲ့ မြင်းပြိုင်ပွဲ တွေကို ပြန်လည် ဖွင့်ပေး တော့မှာ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲ တွေကို နိုင်ငံ ရဲ့ အလယ်ပိုင်းက ဝူဟန် မြို့မှာ ကျင်းပမှာ ဖြစ်ပြီး အပတ်စဉ် ကျင်းပပေး သွားမှာလဲ ဖြစ်တယ်လို့ နိုင်ငံ ပိုင် သတင်းဌာန က ဆိုပါတယ်။

ဒီ ဝူဟန် မြို့ဟာ အရင်က တရုတ် နိုင်ငံမှာ ကွန်မြူနစ်တွေ မကြီးစိုး ခင်ကတော့ မြင်းပွဲတွေ ကျင်းပတဲ့ အဓိက မြို့ကြီး တမြို့ ဖြစ် ပါတယ်။

တရုပ်နိုင်ငံမှာ ဟောင်ကောင်နဲ့ မကာအို ရဲ့ အပြင် တခြားဘယ်နေရာ မှာ မှ လောင်းကစား တာကို ခွင့်မပြုထား ပေမယ့်လည်း အခုလို မြင်းပွဲတွေ မှာတော့ ပြည်သူ လူထု အတွက် ဆုကြေးငွေ အသေးစား လေးတွေ ရနိုင် စေမယ့် ခန့်မှန်း ပြိုင်ပွဲ တွေ လုပ်ပေး သွားမှာ ဖြစ် တယ် လို့လဲ သတင်းရ ရှိပါတယ်။

အရင်က တရုတ် နိုင်ငံမှာ မြင်းပြိုင်ပွဲ တွေကို ပြန်လည် ကျင်းပဖို့ ကြိုးစား ခဲ့ကြဖူး ပေမယ့် လည်း အောင်မြင်မှု မရခဲ့ ကြသလို ဘယ်လောက် အတိုင်း အတာ အထိ ခွင့်ပြု သွားမယ် ဆိုတာ ကိုလဲ ရှင်းရှင်း လင်းလင်း မရှိသေးပါဘူး။