ခလေးတွေ ကာကွယ်ဆေး ထိုးဖို့ အလှူငွေ ပိုမို ရရှိ

  • 14 ဇွန် 2011
ဓာတ်ပုံ မူပိုင် Reuters
Image caption ကာကွယ်ဆေး စီမံချက် အလှူငွေ အများအပြား ရ

ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ခလေးတွေကို ဒုက္ခပေးနေတဲ့ အဆုတ်ရောင် ရောဂါနဲ့ ဝမ်းလျှော ဝမ်းပျက်ရောဂါ တိုက်ဖျက်ရေး ကာကွယ်ဆေး အတွက် ဒေါ်လာ သန်း လေးထောင် သုံးရာ ထည့်ဝင်လှူဒါန်းမယ်လို့ နိုင်ငံတကာက ကတိကဝတ် ပြုခဲ့ကြပါတယ်။

လန်ဒန်မြို့မှာ ကျင်းပနေတဲ့ ညီလာခံမှာ တက်ရောက်လာတဲ့ အစိုးရ အဖွဲ့အစည်း တွေနဲ့ ပုဂ္ဂလိက အလှူရှင်တွေ မှန်းထားတာထက် ဒေါ်လာ သန်း ငါးရာလောက် ပိုရခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကာကွယ် ဆေးထိုး ပေးတဲ့ စီမံချက်ကြောင့် အကျိုး သက်ရောက်မှုတွေ အများကြီးပါ ၊ ခလေးတွေဟာ ဖျားနာမှု ကင်းပြီး သူတို့တဲ့ အရည်အသွေးတွေ တက်လာ ပါလိမ့်မယ်လို့ ဒီလာခံကို တက်ရောက်ခဲ့တဲ့ မိုက်ခရိုဆော့ဖ် ကုမ္ပဏီပိုင်ရှင် အမေရိကန် သူကြွယ် ဘီလ်ဂိတ်က ဆိုသွားခဲ့ပါတယ်။

ဒီရောဂါ တိုက်ဖျက်ရေး စီမံချက်ကြောင့် လာမယ့် ငါးနှစ်အတွင်း ခလေး အယောက် လေးသန်းရဲ့ အသက်ကို ကယ်တင်နိုင်လိမ့်မယ်လို့ မှန်းထားတာ ဖြစ်ပါတယ်။