တူရကီဝန်ကြီးချုပ် တတိယ သက်တမ်း ရွေးချယ်ခံရ

  • 13 ဇွန် 2011
erdogan ဓာတ်ပုံ မူပိုင် Reuters
Image caption တူရကီ ဝန်ကြီးချုပ် အာဒိုဝန်

တူရကီ ဝန်ကြီးချုပ် ရေချစ် တေယပ် အာဒိုဝန် ဟာ ဝန်ကြီးချုပ် အဖြစ် တတိယ အကြိမ် အဖြစ် ပြန်လည် ရွေးချယ် ခံခဲ့ရ ပါတယ်။

သူက ဖွဲ့စည်းပုံ အသစ် ရေးနိုင်ဖို့ အတွက် ပြိုင်ဘက် တွေနဲ့ အတူ တွဲလုပ် သွား မယ်လို့ ဆိုပါတယ်။

သူ့ကို ထောက်ခံ သူတွေကို မိန့်ခွန်း ပြောကြား ခဲ့ရာမှာ သူ့အနေနဲ့ အားလုံး တစိတ် တဝမ်းထဲ ဖြစ်ပြီး ပါဝင် စေချင် တယ်လို့ ဆိုပါတယ်။

မိန့်ခွန်း ထဲမှာ တော့ မစ္စတာ အာဒိုဝန်က သူတို့ကို ပြည်သူတွေက တိုင်းပြည်အုပ်ချုပ် စေဖို့ အတွက် အခွင့်အရေး ပေးလိုက် တာတင် မကကြောင်းနဲ့ တိုင်းပြည်အတွက် စာမျက်နှာသစ် စဖွင့် နိုင်ဖို့ အားလုံး ပါဝင်ပြီး သဘော တူညီ ထားတဲ့ ဖွဲ့စည်းပုံ ရေးဆွဲ နိုင်ဖို့ အတွက် ပါ တာဝန် ပေးလိုက် တာ ဖြစ်ကြောင်း၊ ပါတီ အားလုံး ပါဝင်တဲ့ လူမှု အဖွဲ့အစည်းတွေ အားလုံး လဲ ပါဝင်တဲ့ လွတ်လပ်တဲ့ အရပ်ဘက် ဖွဲ့စည်းပုံ ကို ရေးဆွဲ သွား မှာ ဖြစ် ကြောင်း တွေကို ပြောသွား ပါတယ်။

တနင်္ဂနွေနေ့က ရွေးကောက်ပွဲမှာ သူ့ရဲ့ တရား မျှတရေးနဲ့ တိုးတက်ရေး ပါတီက မဲ ၅၀ ရာခိုင်နှုန်း လောက်နဲ့ နိုင်ခဲ့ပြီး ပါလီမန်မှာ အမတ်နေရာ အများစုကို ရယူ ထား နိုင် ပါတယ်။

ဒါပေမယ့် ပြည်သူတွေ လိုလားနေတဲ့ အရင်က စစ်တပ်က ရေးဆွဲ ခဲ့တဲ့ ဖွဲ့စည်းပုံကို အသစ် ပြန်ရေး နိုင်ရေး မှာတော့ အတိုက် အခံတွေ ရဲ့ သဘော ထားတွေ ကို တော့ မျက်ကွယ်ပြု ထား နိုင်တဲ့ အခြေ အနေမှာ မရှိဘူးလို့ သတင်း ရရှိပါတယ်။