ဂီရိမုန်တိုင်းသင့်ဒေသမှာ အစာရေစာရှားပါး

  • 13 ဇွန် 2011
kyauk_phyu_giri_
Image caption ဒီလို ဆန်ရိက္ခာ အကူအညီတွေ လိုအပ်နေပါပြီ

ရခိုင် ပြည်နယ်က ဂီရိ မုန်တိုင်း သင့်ခံ ခဲ့ရတဲ့ ဒေသက တချို့ ကျေးရွာ တွေမှာ အစား အစာ ရှားပါးပြီး ထမင်းနပ် မမှန်တဲ့ မိသားစုတွေ များနေတယ်လို့ သိရပါတယ်။

မြေပုံ မြို့နယ်က တချို့ ကျေးရွာတွေမှာ အလုပ်အကိုင် အဆင် မပြေတဲ့ အတွက် ထမင်းငတ်နေတဲ့ မိသားစုတွေ ရှိနေတဲ့အပြင် လေမုန်တိုင်း ဒဏ်ကို အဓိက ခံခဲ့ရတဲ့ ကျွန်းသာယာ၊ ပြင်ဝန်း၊ အုန်းချောင်း နဲ့ ပြင်ချောင်း စတဲ့ ကျေးရွာတွေ မှာဆိုရင် ထမင်းနပ် မမှန်တဲ့ သူတွေ အထူးများနေ တယ်လို့ ဒေသခံ တဦးက ပြောပါတယ်။

ရာသီ ဥတုကလဲ မကောင်း တဲ့ အတွက် အလုပ်ပါးနေ တာကြောင့် အခုလို အခက်ကြုံနေရ တာဖြစ်ပါတယ်။ တချို့ကတော့ ရှိတာလေး ကိုထုခွဲ ရောင်းချ စားသောက် နေကြရပြီး မရှိတဲ့ လူတွေမှာတော့ ငတ်နေကြရတယ် လို့ သိရပါတယ်။

အန်ဂျီအို တွေကလဲ ဆန်ရိက္ခာ အကူအညီ ပေးနေတာတွေကို ရပ်တန့် ပစ်လိုက်တာ ၃ လ လောက်ရှိနေပြီ လို့သိရပါတယ်။

ရာသီ ဥတု က ဆိုးရွားနေလို့ ပင်လယ်ပြင်ကို မှီခို ပြီး လုပ်ကိုင် စားသောက်နေ ရတဲ့ ကျေးရွာ တွေမှာ ရှေ့လာမဲ့ မိုးတွင်း မှာ ပိုပြီး အငတ်ဘေးနဲ့ ရင်ဆိုင်ကြ နိုင်တဲ့ အတွက် ဒေသခံတွေမှာ အတော်ကို ရတက် မအေး ဖြစ်နေရ ပါတယ်။