ဆီးရီးယား ဒုက္ခသည်တွေ တူရကီထဲ ဆက်လက်ခိုလှုံ

  • 13 ဇွန် 2011
Syria ဓာတ်ပုံ မူပိုင် AP
Image caption တိုက်ပွဲ ဆက်လက် ဖြစ်ပွားဆဲ ရှူဂါမြို့

ဆီးရီးယား အစိုးရတပ်တွေက ဂျီဆာနဲ့ ရှူဂါမြို့တွေကို ဆက်လက် ထိန်းချုပ်ထာပြီး ဒုက္ခသည်တွေဟာ တူရကီ နယ်စပ်ကို ဆက်လက် ထွက် ပြေးနေကြ ပါတယ်။

တနင်္ဂနွေနေ့က စပြီး ဆီးရီးယား အစိုးရတပ်ဖွဲ့တွေက အပြင်းအထန် ထိုးစစ်ဆင်နွှဲခဲ့ပြီး မြို့ပတ်လည် တောင်ကုန်းပေါ်မှာ ရှိတဲ့ အစိုးရ အခေါ် လက်ကျန် သူပုန်အုပ်စုလေးကို နှိမ်နင်း ရှင်းလင်းနေတယ်လို့ ဆိုပါတယ်။ တူရကီနိုင်ငံထဲမှာ အခုအခါ ဒုက္ခသည်ပေါင်း ငါးထောင်ကျော် ခိုလှုံရောက်ရှိနေကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဆီးရီးယားနယ်စပ်ဘက် အခြမ်းမှာ နောက်ထပ် စောင့်ဆိုင်းနေကြတဲ့ ဒုက္ခသည်တွေ ထောင်နဲ့ချီရှိနေကြသေးတယ်လို့ ဆီးရီးယားနယ်စပ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ စောင့်ဆိုင်းနေသူ တချို့ဟာ ကားတွေပေါ်မှာ အိပ်နေကြပြီး တချို့လူတွေဟာ သူတို့ မွေးမြူထားတဲ့ တိရစ္ဆာန်တွေပါ သယ်ဆောင်လာကြတယ်လို့ ဆိုပါတယ်။

အစိုးရဘက်က စစ်ဆင်ရေး ရှေ့တဆင့်တိုးလာရင် ထွက်ခွာဖို့ သူတို့ဟာ အသင့်ပြင်ဆင်ထားကြတာလို့ ဆိုပါတယ်။