ဗီယက်နမ် စစ်ရေးလေ့ကျင့်မှု တရုတ် ကန့်ကွက်

  • 13 ဇွန် 2011
vietnam
Image caption ဗီယက်နမ်ရဲ့ ကျည်အစစ်သုံး စစ်ရေးလေ့ကျင့်မှု

ဗီယက်နမ်နဲ့ တရုတ်နိုင်ငံအကြား သယံဇာတ ပေါကြွယ်ဝမယ်လို့ ယူဆရတဲ့ ကျွန်းတကျွန်းနဲ့ ပတ်သက်ပြီး အငြင်းပွားတင်းမာမှု ဖြစ်ပွားနေစဉ် အတွင်းမှာပဲ ဗီယက်နမ်နိုင်ငံက တောင်တရုတ်ပင်လယ်ထဲမှာ ကျည်ဆံ အစစ် အသုံးပြုပြီး ရေတပ်စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုကို ဗီယက်နမ် ရေပိုင်နက်အတွင်းမှာရှိတဲ့ ကျွန်းငယ်တကျွန်းမှာ ပြုလုပ်ခဲ့တယ်လို့ ဗီယက်နမ် ရေတပ်အရာရှိတယောက်က ပြောပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ တရုတ်ကို ဆန့်ကျင်ပြသတဲ့ လေ့ကျင့်မှု တခုအဖြစ် တရုတ် အစိုးရ သတင်းစာ ဂလိုဘယ်တိုင်းမ်စ် က ကန့်ကွက် ရှုတ်ချခဲ့ပါတယ်။

တရုတ်ဘက်က ဗီယက်နမ်သင်္ဘောတွေ ရဲ့ ရေနံစမ်းသပ် တူးဖော်ရေး ပိုက်လိုင်းတွေကို ဖြတ်တောက်ပစ်ခဲ့တယ် လို့ ဗီယက်နမ်ဘက်က စွပ်စွဲ ပြောဆိုခဲ့ပါတယ်။ ဗီယက်နမ်ဘက်ကလည်း တရုတ်ငါးဖမ်းသင်္ဘောတွေကို တရုတ်ပိုင်နက်ထဲမှာ နောက်ကလိုက်ခဲ့တယ်လို့ တရုတ်ဘက်က စွပ်စွဲပါတယ်။